စားသုံးသူရေးရာဦးစီးဌာန၊ ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင် ၊ နတ်တလင်းမြို့နယ် တာဝန်ခံရုံးနှင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့ပူးပေါင်း၍ (၁၅.၃.၂၀၂၂) ရက်နေ့ နံနက် (၁၀:၀၀)နာရီတွင် ဟင်းသီးဟင်းရွက်ဆီနှင့်စပ်လျဉ်း၍ ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်း ဆိုင်ရာ သိကောင်းစရာ Talk Show အစီအစဉ်ဆောင်ရွက်ခဲ့ပါသည်။
နတ်တလင်းမြို့နယ်တာဝန်ခံရုံး၊ မြို့နယ်တာဝန်ခံ ဒေါ်အေးအေးဆွေမှ စားသုံးသူကာကွယ်ရေး ဉပဒေ အခန်း(၁၈)၊ ပုဒ်မ(၄၁) အရ စီးပွားရေးလုပ်ငန်းရှင်များသည် ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့် စပ်လျဉ်း၍ ကုန်စည်အမျိုးအစားအလိုက် သတ်မှတ်ချက်များနှင့်အညီ ပြည့်စုံစွာဖော်ပြရေးအတွက် စီးပွားရေးလုပ်ငန်းရှင်များအား တွေ့ဆုံဆွေးနွေးပွဲများပြုလုပ်၍ လက်ကမ်းစာစောင်များဖြန့်ဝေ ဆောင်ရွက်ခဲ့ပြီးဖြစ်ပါသည်။ ယခုဟင်းသီးဟင်းရွက်ဆီ (Vegetable Oil, Cooking Oil) အမျိုးအစားနှင့် စပ်လျဉ်း၍ စီးပွားရေးလုပ်ငန်းရှင်များမှ ကုန်အညွှန်းအမှတ်အသား ဖော်ပြရာတွင် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၏ (၂၀.၁၂.၂၀၂၁)ညွှန်ကြားချက်အမှတ် ၁/၂၀၂၁ ကို လိုက်နာပေးရန် ၊ ပင်ရင်းပါဝင်ပစ္စည်း၊ ကုန်စည်၏ အမျိုးအမည်ကိုတိကျစွာ မြန်မာဘာသာဖြင့် ဖော်ပြရမည်ဖြစ်ကြောင်း၊ (ဉပမာ- ဟင်းသီးဟင်းရွက်ဆီ(စားအုန်းဆီ) ၊ ဟင်းသီးဟင်းရွက်ဆီ အဆင့်မြင့် စားအုန်းဆီ) ၊ ကုန်စည်၏ အသားတင်ပမာဏနှင့် အရွယ်အစားတို့အား မြန်မာအလေးချိန် ယူနစ်ဖြစ်သော ပိဿာ၊ ကျပ်သားတို့ကို မြန်မာဘာသာဖြင့်ဖော်ပြရမည်ဖြစ်ပြီး အဆိုပါ ညွှန်ကြားချက် သည် (၂၀.၁၂.၂၀၂၁)နေ့တွင် စတင်ထုတ်ပြန်ခဲ့ပြီး (၆)လပြည့်မြောက်ပြီးသည့်နေ့မှ စတင်အာဏာ သက်ရောက်မည်ဖြစ်ပါကြောင်း ၊ စားသုံးသူပြည်သူများအနေဖြင့် မိမိတို့ဝယ်ယူအသုံးပြုသော ကုန်စည်နှင့် ဝန်ဆောင်မှုများကို ဘေးအန္တာရာယ်ကင်းရှင်းစွာ အသုံးပြုနိုင်ရန်ရည်ရွယ်၍ ဟောပြောဆွေးနွေးဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။
DOCA(ပဲခူး)