Main menu

သက်ဆိုင်ရာဌာနများပူးပေါင်း၍ ရေသန့်လုပ်ငန်းသွားရောက်စစ်ဆေးခြင်း

Powered by Drupal

   စားသုံးသူရေးရာဦးစီးဌာန၊ ရန်ကုန်အရှေ့ပိုင်းခရိုင်ဦးစီးမှူးရုံးမှ ဝန်ထမ်းများသည် အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန၊ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ မြို့နယ် စည်ပင်သာယာရေးကော်မတီ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးတို့နှင့်ပူးပေါင်း၍ ၁.၈၂၀၂၄ ရက်နေ့ နံနက်  ၁၀ꓽ၀၀ နာရီအချိန်တွင် သင်္ဃန်းကျွန်းမြို့နယ်၊ (က)ရပ်ကွက်၊ စကားဝါလမ်း၊ အမှတ် (112) ရှိ  AROMA အမှတ်တံဆိပ် သောက်ရေသန့်လုပ်ငန်းအား သွားရောက်စစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။ 

   ထိုသို့ စစ်ဆေးရာတွင် သက်ဆိုင်ရာဌာနများ၏ လုပ်ငန်းလိုင်စင် ရယူထားခြင်းရှိ / မရှိ စစ်ဆေးခြင်း၊ လုပ်သားများ၏ တကိုယ်ရည်သန့်ရှင်းရေးနှင့် ဘူးခွံများသန့်ရှင်းရေးပြုလုပ်မှုကို အထူးဂရုပြုရန်၊ စားသုံးသူကာကွယ်ရေးဥပဒေအခန်း (၁၀)ပါ “စီးပွားရေးလုပ် ငန်းရှင်၏ တာဝန်များ”ကို လိုက်နာဆောင်ရွက်ရန်တို့ကို အသိပညာပေးဆွေးနွေးခြင်းများ ပူးပေါင်းဆောင်ရွက်ခဲ့ပါသည်။

DOCA(ရန်ကုန်)