Main menu

“ တွံတေးမြို့နယ်၌ ငါးခုမ္မစမ်း အခြေခံပညာမူလတန်းကျောင်းတွင် စားသုံးသူကာကွယ်ရေး အသိပညာပေး ဟောပြောပွဲကျင်းပခြင်း ”

Powered by Drupal

    ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ တွံတေးမြို့နယ် ငါးခုမ္မစမ်းကျေးရွာ အခြေခံပညာမူလတန်းကျောင်းတွင် စားသုံးသူကာကွယ်ရေး အသိပညာပေးဟောပြောပွဲကို ဩဂုတ်လ (၆) ရက်နေ့၊ နံနက်(၁၀:၀၀)အချိန်တွင် ကျင်းပခဲ့ကြောင်း သိရသည်။

      အဆိုပါ စားသုံးသူကာကွယ်ရေးအသိပညာပေးဟောပြောပွဲတွင် စားသုံးသူရေရာဦးစီးဌာန၊ တွံတေးမြို့နယ်တာဝန်ခံ ဦးအာကာမင်းမှ ငါးခုမ္မစမ်းကျေးရွာ အခြေခံပညာမူလတန်းကျောင်းရှိ ကျောင်းသား/ ကျောင်းသူများအား ဘေးအန္တရာယ်ကင်းရှင်းစေရေးနှင့် ထုတ်ကုန်များလုံခြုံစိတ်ချရမှုရှိစေရေးတို့အတွက် စားသုံးသူကာကွယ်ရေးဥပဒေပါ စားသုံးသူ၏အခွင့်အရေးများဖြစ်သည့် ကုန်စည် (သို့မဟုတ်) ဝန်ဆောင်မှုနှင့်စပ်လျဉ်း၍ အခြေခံလိုအပ်ချက်များပေါ်တွင် စိတ်ကျေနပ်မှုရရှိစေခြင်း၊ ဘေးအန္တရာယ်ကင်းရှင်းစွာ အသုံးပြုခွင့်ရှိခြင်း၊ ၎င်းတို့ကို ရွေးချယ်ဝယ်ယူအသုံးပြုရာတွင် လိုအပ်သော သတင်းအချက်အလက်များပြည့်စုံမှန်ကန်စွာ သိရှိခွင်နှင့် ပြေစာ (သို့မဟုတ်) အထောက်အထားရယူခွင့်ရှိခြင်း၊ စားသုံးသူများ စိတ်ကြိုက်ရွေးချယ်ဝယ်ယူနိုင်ခွင့်ရှိခြင်း၊ နစ်နာဆုံးရှုံးမှုနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြခွင့်နှင့် တိုင်ကြားခွင့်ရရှိနိုင်စေခြင်း စသည့်စားသုံးသူ ကာကွယ်ရေးပါ အချက်များနှင့် လိုက်နာဆောင်ရွက်သင့်သည့် စားသုံးသူ၏တာဝန်များ၊ ဘေးအန္တရာယ်ကင်းရှင်းစေရေးနှင့် နစ်နာဆုံးရှုံးမှုများမရှိစေရန်အတွက် စားသုံးသူပြည်သူ များအနေဖြင့် ကုန်စည်နှင့်ဝန်ဆောင်မှုများ ဝယ်ယူခြင်းမပြုမီ သတိပြုဆောင်ရွက်ရမည့်အချက်များ၊ ကုန်ပစ္စည်းတစ်ခုချင်းစီ၌ ဖော်ပြပါရှိသည့် ကုန်အညွှန်းအမှတ်အသားများအား သေချာဖတ်ရှုဝယ်ယူသုံးစွဲပါရန်နှင့် အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန(FDA)မှ ထောက်ခံချက် ရရှိထားသည့် ကုန်ပစ္စည်းများအား ရွေးချယ်သုံးစွဲသင့်ကြောင်း စားသုံးသူ၏နစ်နာဆုံးရှုံးမှုများရှိလာပါက တိုင်ကြားနိုင်မည့်နည်းလမ်းများစသည်တို့ကို စားသုံးသူကာကွယ်ရေး အသိပညာပေး ဆွေးနွေးပြောကြားခဲ့ကြောင်း သိရသည်။

DOCA(ရန်ကုန်)