Main menu

မှော်ဘီမြို့နယ်အတွင်းရှိ စားအုန်းဆီလက်လီ/လက်ကားရောင်းချသော ကုန်စုံဆိုင်များအား ကွင်းဆင်းစစ်ဆေး

Powered by Drupal

     စားသုံးသူရေးရာဦးစီးဌာန၊ မြောက်ပိုင်းခရိုင်ဦးစီးမှူးရုံးမှ ဒေါ်ဖြူဖြူမြင့်၊ ဒုကြီးကြပ်ရေးမှူးပါ (၂)ဦးသည် ၆.၈.၂၀၂၄ ရက်နေ့၊ နံနက်(၉:၀၀)နာရီအချိန်တွင် မှော်ဘီမြို့နယ်၊ မြို့မဈေး၌ စားအုန်းဆီ လက်လီ/လက်ကားရောင်းချနေသော ကုန်စုံဆိုင်များသို့ သွားရောက်ကွင်းဆင်းစစ်ဆေးခြင်း ပြုလုပ်ဆောင်ရွက်ခဲ့ပါသည်။

    ထိုသို့ ကွင်းဆင်းဆောင်ရွက်ရာတွင် စားအုန်းဆီခွဲတမ်းရသည့်ဆိုင်များအနေဖြင့် စနစ်တကျ ဖြန့်ဖြူးရောင်းချကြရန် အများမြင်သာသောနေရာတွင် ဈေးနှုန်း Vinyl ဖြင့် ချိတ်ဆွဲရောင်းချရန်နှင့် စားအုန်းဆီလက်လီ/လက်ကားရောင်းချလျက်ရှိသော လုပ်ငန်းရှင်များအနေဖြင့် သက်ဆိုင်ရာဌာနများက ထုတ်ပြန်ထားသည့်အမိန့်၊ ညွှန်ကြားချက်များနှင့်အညီ ရောင်းချဖြန့်ဖြူးကြရန်တို့ကို ရှင်းလင်းပြောကြားခဲ့ကြောင်း သိရှိရပါသည်။

DOCA(ရန်ကုန်)