Main menu

မိတ္ထီလာမြို့နယ်အတွင်းရှိ ဆေးဆိုင်များအား ကွင်းဆင်းစစ်ဆေးခြင်း

Powered by Drupal

     စားသုံးသူရေးရာဦးစီးဌာန ၊ မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်ဦးစီးမှူးရုံး၊ ခရိုင်ဦးစီးမှူး ဦးစီးမှူး၏ လမ်းညွှန်မှုဖြင့်  မိတ္ထီလာခရိုင်ဦးစီးမှူးရုံးမှ စစ်ဆေးရေးအရာရှိနှင့် ဝန်ထမ်းများသည် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ခရိုင်အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာ‌‌ရေးအဖွဲ့၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့တို့နှင့် ပူးပေါင်း၍  စျေးကွက်အတွင် တရားမဝင်ဆေးဝါးနှင့်ဆေးဝါးအတုများ ရောင်းချမှုမရှိစေရေး အတွက် ၂၀၂၄ ခုနှစ်၊ ဩဂုတ်လ ၈ ရက်နေ့တွင် နံနက် (၀၉း၃၀) ချိန်တွင် မိတ္ထီလာမြို့ပေါ်ရှိ ဆေးဆိုင် (၇) ဆိုင်အား စျေးကွက် စောင့်ကြည့်စစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ပါသည်။

   ထိုသို့ကွင်းဆင်းစစ်ဆေးခဲ့ရာတွင် မိတ္ထီလာမြို့နယ်အတွင်းရှိ ဆေးဆိုင်များတွင် အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာနမှ ထုတ်ပြန်ကြေငြာထားသော တရားမဝင်ဆေးဝါးနှင့် ဆေးဝါးအတုများ  ဈေးကွက်အတွင်း ရောင်းချနေခြင်း ရှိ/မရှိအား  ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(မန္တလေး)