Main menu

ကုန်အညွှန်းအမှတ်အသားနှင့် ပတ်သက်၍ဆွေးနွေးခြင်း

Powered by Drupal

     စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ လွိုင်လင်ခရိုင် ဦးစီးမှူးရုံးအနေဖြင့် (၆.၈.၂၀၂၄) ရက်နေ့၊ နေ့လယ်ပိုင်း(၁၃:၀၀)နာရီအချိန်တွင် လွိုင်လင်မြို့ပေါ်ရှိ လုပ်ငန်းရှင်များအား ကုန်အညွှန်းအမှတ်အသားနှင့် ပတ်သက်၍ဆွေးနွေးခဲ့ပါသည်။

    ထိုသို့တင်ပြရာတွင် စားသုံးသူကာကွယ်ရေးဥပဒေ၊ အခန်း(၁၈)ပါ ကုန်စည်များပေါ်တွင် ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့် စပ်လျဉ်း၍ ကုန်စည်အမျိုးအစား အလိုက်သတ်မှတ်ချက်များ နှင့်အညီ ဖြန့်ဖြူးရောင်းချရန်၊ ကုန်စည်၏အရည်အသွေး၊ ထုတ်လုပ်သည့်ရက်စွဲ၊ သက်တမ်းကုန်ဆုံးသည့် ရက်စွဲများ၊ ထားသို သိမ်းဆည်းမှုအညွှန်း၊ သုံးစွဲပုံ နည်းလမ်းများအား လည်းကောင်း၊  ဥပဒေအခန်း(၁၀) ပါ စီးပွားရေးလုပ်ငန်းရှင်၏ တာဝန်များ ဥပဒေအခန်း(၁၁)ပါ ကုန်စည်နှင့်စပ်လျဉ်း၍ အာမခံချက်ပေးခြင်းဖြင့် စားသုံးသူလက်ခံနိုင်သည့် ကုန်စည်များရောင်းချရန်နှင့် ကုန်အညွှန်းအမှတ်အသား ဖော်ပြခြင်းသည် စားသုံးသူအား ကုန်စည်နှင့်ပတ်သတ်၍ သတင်းအချက်အလက် သိရှိနိုင်မည်ဖြစ်ကြောင်း ဆွေးနွေးခဲ့ပါသည်။

DOCA(ရှမ်း)