Main menu

မုဒုံမြို့၊ ရွှေဟင်္သာဈေးရှိ ဆေးဝါး၊ အလှကုန်၊ အစားအသောက်၊ သံသယရှိ အစားအသောက်များအား ကွင်းဆင်းစစ်ဆေးခြင်း

Powered by Drupal

    မွန်ပြည်နယ် မုဒုံမြို့နယ်၊ ရွှေဟင်္သာဈေးရှိ စျေးကွက်အတွင်းဖြန့်ဖြူးရောင်းချနေသည့် ဆေးဝါးဆိုင်များ၊ အလှကုန်ပစ္စည်းများ၊ တားမြစ်ထားသည့်ကုန်ပစ္စည်းများ ရောင်းချမှုမရှိစေရေးနှင့် သံသယရှိအစားအသောက်များအား နမူနာဝယ်ယူစစ်ဆေးခြင်းကို ၈.၈.၂၀၂၄ ရက်နေ့ နံနက်ပိုင်းက ရွှေဟင်္သာစျေးကြီး၌ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရှိရသည်။

    ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် မော်လမြိုင်ခရိုင် အစားအသောက်နှင့် ဆေးဝါးကွပ်ကဲ ရေးဦးစီးဌာန၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ကျန်းမာရေးကြီးကြပ် (၁)၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊ စာသုံးသူရေးရာဦးစီးဌာနမှ တာဝန်ခံနှင့် တာဝန်ရှိသူများက ပူးပေါင်း၍ စျေးအတွင်း ဖြန့်ဖြူးရောင်းချနေသည့် အလှကုန်ပစ္စည်းဆိုင်၊ ဆေးဝါးဆိုင်၊ အစားအသောက်ရောင်းချသည့်ဆိုင်များတွင် ကျန်းမာရေးအတွက် ဘေးအန္တရာယ် ကင်းရှင်းပြီး အရည်အသွေးကောင်းမွန်သည့် အကျိုးအာနိသင်ကောင်း ရရှိနိုင်သော အလှကုန်ပစ္စည်းများ၊ ဆေးဝါးများနှင့်အစားအသောက်များ ပြည်သူများဝယ်ယူ သုံးစွဲနိုင်စေရေး၊ သံသယအစားအသောက်များအား နမူနာဝယ်ယူစစ်ဆေးခဲ့ပြီး တားမြစ်အလှကုန်ပစ္စည်းများ၊ တရားမဝင်ဆေးဝါးများ ရောင်းချမှုမရှိစေရေး၊ သက်တမ်းလွန် ကုန်ပစ္စည်းများ ရောင်းချမှုမရှိစေရေးအတွက် စစ်ဆေးခဲ့သည်။

    ထို့နောက် တာဝန်ရှိသူများက သုံးစွဲရန်မသင့်သည့် အလှကုန်ပစ္စည်းများ၊ တရားမဝင်ဆေးဝါးများအား ရောင်းချမှုမရှိစေရေးအတွက် ဆိုင်ရှင်များအား အသိပညာပေး ပြောကြားခဲ့ပြီး လက်ကမ်းစာစောင်များကို ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

DOCA(မွန်)