Main menu

ပြည်နယ်ဦးစီးမှူးနှင့်ဝန်ထမ်းများ အဂတိလိုက်စားမှု တားဆီးကာကွယ်ရေးဆိုင်ရာ အသိပညာပေး ရှင်းလင်းဆွေးနွေးပွဲအခမ်းအနားသို့ တက်ရောက်

Powered by Drupal

     ၉.၈.၂၀၂၄ ရက်နေ့တွင် စားသုံးသူရေးရာဦးစီးဌာန၊ မွန်ပြည်နယ်ဦးစီးမှူးနှင့် ဝန်ထမ်းများသည် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၌ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနနှင့် အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်တို့ ပူးပေါင်းဆောင်ရွက်သည့် အဂတိ လိုက်စားမှုတားဆီးကာကွယ်ရေးဆိုင်ရာ အသိပညာပေး ရှင်းလင်းဆွေးနွေးခြင်း အခမ်းအနားကို Zoom ဖြင့်တက်ရောက်ခဲ့သည်။

    အဆိုပါ အခမ်းအနားတွင် ပထမဦးစွာ ပြည်ထောင်စုဝန်ကြီးမှ အဖွင့်အမှာစကားပြောကြားခဲ့ပြီးနောက် အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်မှ တာဝန်ရှိသူများက အဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပဒေအကြောင်း၊ အရေးယူဆောင်ရွက်မှုအခြေအနေ၊ အဂတိလိုက်စားမှုဖြစ်နိုင်ခြေများ၊ အဂတိလိုက်စားခြင်း၏ ဆိုးကျိုးများ၊ Public Feedback Program-PFP အကြောင်းအရာများအား ဆွေးနွေးခဲ့ကြကြောင်း သိရှိရပါသည်။

DOCA(မွန်)