Main menu

မြိတ်မြို့ရှိ စက်သုံးဆီအရောင်းဆိုင်များသို့ ရှောင်တခင်ကွင်းဆင်းစစ်ဆေး

Powered by Drupal

     ၂၀၂၄ခုနှစ်၊ သြဂုတ်လ(၁၀)ရက်နေ့၊ နံနက်(၉း၃၀) နာရီအချိန်တွင် မြိတ်ခရိုင် စားသုံးသူရေးရာဦးစီးဌာနနှင့် မြန်မာ့ရေနံထွက်ပစ္စည်းကြီးကြပ်စစ်ဆေးရေးဦးစီးဌာနတို့ပူးပေါင်း၍ မြိတ်မြို့ပေါ်ရှိ စက်သုံးဆီ(၃)ဆိုင်သို့ ရှောင်တခင်မြေပြင်ကွင်းဆင်းစစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ကြပါသည်။

   ထို့သို့ကွင်းဆင်းစစ်ဆေးရာတွင် ၂၀၂၄ခုနှစ်၊ သြဂုတ်လအတွင်း ရောင်းချရမည့်စျေးနှုန်းဖြင့် ရောင်းချနေခြင်းရှိ/မရှိ၊ အလေးချိန်မှန်ကန်စွာဖြင့် ရောင်းချနေခြင်းရှိ/မရှိနှင့် စက်သုံးဆီရောင်းချနေမှု အခြေအနေတို့ကို စစ်ဆေးခဲ့ပြီး စားသုံးသူရေးရာဥပဒေအရ စီးပွားရေးလုပ်ငန်းရှင်များ လိုက်နာဆောင်ရွက်ရမည့်တာဝန်များအား ဆွေးနွေးပြောကြားခဲ့ပါသည်။

DOCA(တနင်္သာရီ)