Main menu

ကံမမြို့တွင် ဆေးနှင့်ဆေးပစ္စည်းအရောင်းဆိုင်များအား ဈေးကွက်စောင့်ကြည့်စစ်ဆေး

Powered by Drupal

    မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ ကံမမြို့နယ်တာဝန်ခံသည် စားသုံးသူများ ဘေးကင်းလုံခြုံ စိတ်ချမှုရှိစေရေးအတွက် ရည်ရွယ်၍ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ စည်ပင်သာယာရေးအဖွဲ့၊ ကျန်းမာရေးဦးစီးဌာန၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာနတို့နှင့် ပူးပေါင်း၍ (၉-၈-၂၀၂၄)ရက်နေ့၊ နံနက်(၁၀:၃၀)နာရီအချိန်တွင် ကံမမြို့ အမှတ်(၁၊၂၊၃၊၄)ရပ်ကွက်များရှိ ဆေးနှင့်ဆေးပစ္စည်းအရောင်းဆိုင်များသို့ ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

     ဆေးနှင့်ဆေးပစ္စည်းအရောင်းဆိုင်များ၌ သက်တမ်းလွန်ဆေးဝါးများ၊ တရားမဝင်ဆေးဝါးများ တင်သွင်းရောင်းချခြင်းမရှိကြောင်း စစ်ဆေးတွေ့ရှိရပြီး ကံမမြို့နယ်တာဝန်ခံမှ မြန်မာဘာသာဖြင့် ဖော်ပြပါရှိသော ကုန်စည်များသာရောင်းချရန်၊ ထုတ်လုပ်သည့် ရက်စွဲ၊ သက်တမ်းလွန်ရက်စွဲများကို အလေးထားကြည့်ရှုရောင်းချရန်၊ တရားမဝင်ဆေးဝါးများကို ဈေးကွက်အတွင်း တင်သွင်းရောင်းချခြင်းမပြုရန်နှင့်  အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာနတာဝန်ခံမှ မြန်မာနိုင်ငံဆေးဝါးမှတ်ပုံတင် အမှတ်မပါရှိသော ဆေးဝါးများ၊ သက်တမ်းလွန်ဆေးဝါးများနှင့် တရားမဝင်ဆေးဝါးများရောင်းချခြင်းမပြုရန် အသိပညာပေးဆွေးနွေးခဲ့ကြောင်း သိရသည်။

DOCA(မကွေး)