Main menu

သရက်မြို့ပေါ်ရပ်ကွက်ရှိ စားသုံးသူပြည်သူများသို့ သက်သာသောဈေးနှုန်းဖြင့် ဆန်များရောင်းချပေး

Powered by Drupal

    မကွေးတိုင်းဒေသကြီး သရက်ခရိုင် သရက်မြို့တောင်မင်းတည်းရပ်ကွက်ရှိ သိမ်ကြီးဘုရား (၉.၈.၂၀၂၄)ရက်နေ့ နံနက်(၀၉း၀၀)နာရီအချိန်တွင် မြို့ပေါ်ရှိ ဆန်စက်နှင့် ဆန်လုပ်ငန်းရှင်များအသင်းမှ စားသုံးသူပြည်သူများထံသို့ ဧည့်မထဆန်(၁)ပြည်လျှင် ကျပ်(၃၀၀၀)ဈေးနှုန်းဖြင့် ပြည်သူ(၃၁၂)ဦးအား ရောင်းချခဲ့ကြောင်း သိရပါသည်။

    အဆိုပါရောင်းချပေးနေမှုအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့်အတူ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ရပ်ကွက်အုပ်ချုပ်ရေးမှူး၊ စားသုံးသူရေးရာဦးစီးဌာနတို့ပူးပေါင်း၍ စိစစ်ကြပ်မတ် ဆောင်ရွက်ပေးခဲ့ပါသည်။ ဆန်စက်နှင့်ဆန်လုပ်ငန်းရှင်များအသင်းမှ ယခုကဲ့သို့ မြို့ပေါ်ရှိရပ်ကွက်များတွင် အပတ်စဉ် ဆက်လက်ရောင်းချပေးသွားမည်ဖြစ်ကြောင်း သိရှိရပါသည်။

DOCA(မကွေး)