Main menu

ကံမမြို့ပေါ်ရှိ အလှကုန်ပစ္စည်းအရောင်းဆိုင်များအား ဈေးကွက်စောင့်ကြည့်စစ်ဆေး

Powered by Drupal

     မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ ကံမမြို့နယ်တာဝန်ခံနှင့်ဝန်ထမ်းသည် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ စည်ပင်သာယာရေးအဖွဲ့၊ ကျန်းမာရေးဦးစီးဌာန၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာနတို့နှင့်ပူးပေါင်း၍ (၁၂-၈-၂၀၂၄)ရက်နေ့၊ နံနက်(၁၁:၃၀)နာရီအချိန်တွင် ကံမမြို့၊ အမှတ်(၁/၂/၃)ရပ်ကွက်ရှိ အလှကုန် ပစ္စည်းအရောင်းဆိုင်များအား ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ကြောင်း သိရသည်။

     FDA မှ သုံးစွဲရန်မသင့်ထုတ်ပြန် ထားသော QIAN LI အမှတ်တံဆိပ်/ Whitening Cream 20g တွင် တားမြစ်ဓာတုပစ္စည်း Mercury ပါဝင်ကြောင်းတွေ့ရှိရပါသဖြင့် အဆိုပါအလှကုန်ပစ္စည်းအား  ဈေးကွက်အတွင်း ရောင်းချနေမှုရှိ/မရှိကိုစစ်ဆေးရာ ဈေးကွက်အတွင်း ရောင်းချခြင်းမရှိကြောင်း စစ်ဆေးတွေ့ရှိရပြီး ကံမမြို့နယ်တာဝန်ခံမှ သုံးစွဲရန်မသင့်တားမြစ်ထားသော အလှကုန်ပစ္စည်းများကို ဈေးကွက်အတွင်း တင်သွင်းရောင်းချခြင်းမပြုရန် အသိပညာပေးဆွေးနွေးပြောကြားခဲ့ကြောင်း  သိရသည်။

DOCA(မကွေး)