Main menu

ပခုက္ကူမြို့၊ အမှတ်(၁)၊ အခြေခံပညာအထက်တန်းကျောင်း၌ အသိပညာပေးဟောပြောဆွေးနွေး

Powered by Drupal

      မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်ဦးစီးမှူးရုံးမှ ဒုတိယခရိုင်ဦးစီးမှူးနှင့် ဝန်ထမ်းများသည် စားသုံးသူကာကွယ်ရေးဦးစားပေး ဆောင်ပုဒ်နှင့်အညီ စားသုံးသူအခွင့်အရေးများသိရှိပြီး ရယူတောင်းဆိုတတ်စေရေးနှင့် ကုန်စည်(သို့မဟုတ်)ဝန်ဆောင်မှုကို ဝယ်ယူအသုံးပြုရာတွင် နစ်နာဆုံးရှုံးမှုမရှိစေရေးနှင့် ကျောင်းနေအရွယ်ကလေးများ ဘေးအန္တရာယ် ကင်းရှင်းစွာ စားသုံးတတ်စေရေး ရည်ရွယ်၍ (၉.၈.၂၀၂၄)ရက်နေ့၊ နံနက်(၀၉:၃၀)နာရီအချိန်တွင် ပခုက္ကူမြို့၊ အမှတ် (၁)အခြေခံပညာအထက်တန်းကျောင်း၌ စားသုံးသူကာကွယ်ရေးအသိပညာပေး ဟောပြောဆွေးနွေးခဲ့ကြောင်း သိရသည်။

      ဒုတိယခရိုင်ဦးစီးမှူး ဦးဇော်ထွန်းဦးက ဌာနသမိုင်းကြောင်း၊ ဦးစီးဌာန၏ ရည်မှန်းချက်၊ မျှော်မှန်းချက်များ၊ လက်ရှိဆောင်ရွက်နေသည့် လုပ်ငန်းတာဝန်များနှင့် စားသုံးသူကာကွယ်ရေး ဥပဒေပါ ရည်ရွယ်ချက်များ၊ ကုန်အညွှန်းအမှတ်အသား ဖော်ပြခြင်းနှင့်စပ်လျဉ်း၍ မြန်မာဘာသာဖြင့် ပြည့်စုံစွာ ဖော်ပြထားသော စားသောက်ကုန်များကို ဝယ်ယူစားသုံးနိုင်စေရေး ကုန်အညွှန်းအမှတ်အသားဆိုင်ရာ အချက်(၈)ချက်၊ ပြည့်ဝဆီစားသုံးခြင်းဖြင့် ကျန်းမာရေးဘေးထွက်ဆိုးကျိုးများ ရရှိနိုင်သည့် အကြောင်း အရာများကိုလည်းကောင်း၊ ဒုတိယဦးစီးမှူး ဒေါ်မျိုးသန္တာဝင်းက စားသုံးသူကာကွယ်ရေးအခွင့်အရေး (၈)ချက်၊ လိုက်နာရမည့်တာဝန်(၄)ချက်၊ စားသုံးသူမှနစ်နာဆုံးရှုံးမှုကို တိုင်ကြားလိုပါက တိုင်ကြားခြင်းနှင့် ဌာနမှ စေ့စပ်ညှိနှိုင်းဖြေရှင်းဆောင်ရွက်မှု အကြောင်းအရာများနှင့် ဓါတုဆိုးဆေးနှင့် ဘေးအန္တရာယ်အကြောင်းကိုလည်းကောင်း အသိပညာပေးဟောပြောပြီး ဟောပြောသည့် အကြောင်း အရာများမှ အမေးအဖြေကဏ္ဍများကို ဖြေဆိုနိုင်သည့် ကျောင်းသား၊ ကျောင်းသူများကို ဆုချီးမြှင့်ခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။

DOCA(မကွေး)