Main menu

ကျောင်းနေအရွယ်ကလေးများ အနာဂတ်လှပဖို့ကိုယ်ပိုင်ကျောင်းသို့ အသိပညာပေးကြပါစို့

Powered by Drupal

       မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်ဦးစီးမှူးရုံးမှ ဒုတိယဦးစီးမှူး ဒေါ်နွယ်နွယ်အေးနှင့် ဒုတိယ ဦးစီးမှူး ဒေါ်သူဇာကျော်တို့သည် အနာဂတ်၏ကြယ်ပွင့်လေးများဖြစ်သော ကျောင်းနေအရွယ်ကလေးများ အသိပညာများရရှိပြီး ပတ်ဝန်းကျင်ကောင်းတွင် နေထိုင်နိုင်ရန် ရည်ရွယ်၍ (၁၂.၈.၂၀၂၄)ရက်နေ့၊ နံနက်(၁၀:၀၀)နာရီအချိန်တွင် ပခုက္ကူမြို့ “ဧရာဂုဏ်” ကိုယ်ပိုင်ကျောင်း၌ စားသုံးသူကာကွယ်ရေး အသိပညာပေး ဟောပြောဆွေးနွေးခဲ့ကြောင်း သိရသည်။

    စားသုံးသူရေးရာဌာနခွဲတာဝန်ခံ ဒေါ်နွယ်နွယ်အေးက ဦးစီးဌာန၏ ရည်မှန်းချက်၊ မျှော်မှန်းချက်၊ ဒုတိယဦးစီးမှူး ဒေါ်သူဇာကျော်က ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းဆိုင်ရာ အချက်အလက်များ၊ တိုင်ကြားနိုင်သူများအကြောင်း၊ တိုင်ကြားနိုင်သည့် နည်းလမ်းများအကြောင်းကို    အသိပညာပေးဟော ပြောခဲ့ပြီး ဟောပြောသည့်အကြောင်းအရာများမှ အမေးအဖြေကဏ္ဍများကို ဖြေဆိုနိုင်သည့် ကျောင်းသား၊ ကျောင်းသူများကို ဆုချီးမြှင့်ခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

DOCA(မကွေး)