Main menu

ဆိပ်ဖြူမြို့စီမံအုပ်ချုပ်ရေးမှူးရုံး၊ ငွေသဲဖြူခန်းမ၌ စားသုံးသူကာကွယ်ရေးအသိပညာပေး ဟောပြောဆွေးနွေး

Powered by Drupal

    မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်ဦးစီးမှူးရုံးမှ ဆိပ်ဖြူမြို့နယ်တာဝန်ခံနှင့်ဝန်ထမ်းသည် စားသုံးသူအခွင့်အရေးများသိရှိပြီး ရယူတောင်းဆိုတတ်စေရေးနှင့် လိုက်နာရမည့်တာဝန်များကို သိရှိစေရေးနှင့် စားသုံးသူကာကွယ်ရေးဥပဒေပါ ရည်ရွယ်ချက်များ သိရှိနိုင်စေရန် ရည်ရွယ်၍ (၆.၈.၂၀၂၄) ရက်နေ့၊ နေ့လယ်(၁၃:၀၀)နာရီအချိန်တွင်  စီမံအုပ်ချုပ်ရေးမှူးရုံး ငွေသဲဖြူခန်းမ၌ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ကျင်းပသည့် သုတ၊ ရသစာအုပ်လှူဒါန်းပေးအပ်ပွဲတွင် စားသုံးသူကာကွယ်ရေးအသိပညာပေး ဟောပြောဆွေးနွေးခဲ့ကြောင်း သိရသည်။

     ဆိပ်ဖြူမြို့နယ် တာဝန်ခံက ဌာနသမိုင်းကြောင်း၊ ဦးစီးဌာန၏ ရည်မှန်းချက်၊ မျှော်မှန်းချက်များ၊ လက်ရှိဆောင်ရွက်နေသည့် လုပ်ငန်းတာဝန်များနှင့် စားသုံးသူကာကွယ်ရေး ဥပဒေပါ စားသုံးသူများ၏ အခွင့်အရေးများ၊ စားသုံးသူများမှ လိုက်နာရမည့်တာဝန်များ၊ စီးပွားရေးလုပ်ငန်းရှင်များ၏ တာဝန်များ၊ တားမြစ်ချက်များနှင့် စားသုံးသူကာကွယ်ရေးဥပဒေပါ ရည်ရွယ်ချက်များ၊ ကုန်စည်နှင့်ဝန်ဆောင်မှုများ အသုံးပြုရာတွင် နစ်နာဆုံးရှုံးမှုများဖြစ်ပေါ်လာပါက ပြောရေးဆိုရေး၊ တိုင်ကြားခွင့်၊ ကုစားခွင့်များ အကြောင်းကို အသိပညာပေးဟောပြောဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(မကွေး)