Main menu

ကျွန်းလှမြို့ “စံ” ဆီစက် လုပ်ငန်းရှင်နှင့် တွေ့ဆုံအသိပညာပေးခြင်း

Powered by Drupal

     စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာနသည် “ပြည်တွင်းကုန်သွယ်မှုဖွံဖြိုးတိုးတက်စေရန်” ဆိုသည့် မျှော်မှန်းချက်နဲ့အညီ အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိရာ စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ် စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်တာဝန်ခံသည် ၂၀၂၄ ခုနှစ် ၊ ဩဂုတ်လ(၁၂)ရက်နေ့၊ နံနက်(၁၀:၀၀) အချိန်တွင် ကျွန်းလှမြို့၊ ပိတောက်မြိုင်ရပ်ကွက်ရှိ “စံဆီစက်လုပ်ငန်းရှင်နှင့် သွားရောက်တွေ့ဆုံ ဆွေးနွေး အသိပညာပေးခြင်း ဆောင်ရွက်ခဲ့ပါသည်။

     ထိုသို့တွေ့ဆုံဆွေးနွေးရာတွင် စားသုံးသူရေးရာဦးစီးဌာန၊ ကျွန်းလှမြို့နယ်တာဝန်ခံမှ  ဆီများထုတ်လုပ်ရောင်းချခြင်းနှင့် ပတ်သက်၍ စားသုံးသူကာကွယ်ပေးရေး ဥပဒေ (၂၀၁၉)၊ အခန်း (၁၅) ပုဒ်မ(၂၈) အရ ကုန်စည် (သို့မဟုတ်) ဝန်ဆောင်မှုများ လုံခြုံစိတ်ချရမှုရှိစေရေးနှင့် စားသုံးသူပြည်သူများ ဘေးအန္တရာယ် ကင်းရှင်းစေရေးတို့အတွက် “စံဆီစက်လုပ်ငန်းမှ ဆီများကြိတ်ခွဲ ထုတ်လုပ်ရာတွင် သန့်ရှင်းသပ်ရပ်မှု ရှိ/ မရှိ ၊ အချိန် အတွယ် မှန်ကန်မှု ရှိ/ မရှိ ၊ ဆီများထုတ်လုပ်မှု အဆင့်ဆင့်တွင်လည်း သန့်ရှင်းသပ်ရပ်စွာ ထုတ်လုပ်စေရေး၊ ဆီများ ထုတ်လုပ်ရာတွင် ရောနှောဆီဖြစ်ပါက နှစ်မျိုးထက် ပိုမိုရောနှောခြင်းမရှိစေရေး၊ ရောနှော ဆီဖြစ်ပါက ကုန်အညွှန်းအမှတ်အသားဖော်ပြရာ၌ ရောနှောရာတွင်လည်း ရာခိုင်နှုန်းပိုသော အမျိုးအမည်ကို ရှေ့မှထား၍  သိသာထင်ရှားစွာ ကုန်အညွန်းအမှတ်အသား ဖော်ပြနိုင်စေရေး ၊ ကုန်အညွှန်းအမှတ်တံဆိပ်ကပ်နှိပ်ရာတွင် ပိဿာ/ ကျပ်သားကို အတိအကျဖော်ပြပြီး ကုန်အညွှန်းအမှတ်အသားများ ပြည့်စုံမှန်ကန်စွာ ထည့်သွင်းဖေါ်ပြရန်အတွက် ကျွန်းလှမြို့နယ်တာဝန်ခံမှ ကူညီဆောင်ရွက်ပေးလျက်ရှိပါကြောင်း နှင့် မိမိတို့မြို့နယ်အတွင်း ထုတ်လုပ်နေသော လုပ်ငန်းရှင်များကိုလည်း ကျွန်မတို့ စားသုံးသူရေးရာဦးစီးဌာနမှ ကုန်အညွှန်းအမှတ်အသား ပြည့်စုံစွာ ဖော်ပြခြင်းနှင့် ပတ်သက်ပြီး အခမဲ့ကူညီဆောင်ရွက်ပေးနေကြောင်း “စံ” ဆီစက်မှ ထုတ်လုပ်နေ သောဆီများကို  မိမိတို့ကိုယ်ပိုင် အမှတ်တံဆိပ်ကပ်၍ ကုန်အညွှန်းအမှတ်အသား လျှောက်ထားရန် တိုက်တွန်းပြောကြားခဲ့ပြီး ကုန်အညွှန်းအမှတ်အသား လျှောက်ထားဆောင်ရွက်ခဲ့ပြီး ညွှန်ကြားချက်အမှတ်(၂/၂၀၁၉) ကုန်အညွှန်းအမှတ်အသား ပြည့်စုံစွာပါရှိသော  အသိပညာပေး လက်ကမ်းစာစောင် ဖြန့်ဝေပေးခဲ့ပါသည်။

DOCA(စစ်ကိုင်း)