
စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကန့်ဘလူမြို့နယ်၌ ပြည်သူများဈေးနှုန်းသက်သာစွာဖြင့် ဝယ်ယူနိုင်ရေးအတွက် စားအုန်းဆီများရောင်းချပေးခြင်းကို ၂၀၂၄ခုနှစ်၊ ဩဂုတ်လ ၁၀ ရက် နံနက် ၀၉:၃၀နာရီအချိန်က ကန့်ဘလူမြို့ပေါ်ရပ်ကွက်များရှိ လက်လီအရောင်းဆိုင်များက ရောင်းချပေးခဲ့ကြောင်း၊ လက်လီအရောင်းဆိုင်များအနေဖြင့် သတ်မှတ်ဈေးနှုန်းအတိုင်း ရောင်းချခြင်းရှိ/မရှိ ကန့်ဘလူမြို့နယ်တာဝန်ခံ ဦးမျိုးဝင်းသန်းသည် ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။
ထိုသို့ရောင်းချပေးရာတွင် ကန့်ဘလူခရိုင်ဆီလုပ်ငန်းရှင်များအသင်းက လာရောက်ဝယ်ယူကြသည့် ပြည်သူများအလွယ်တကူဝယ်ယူနိုင်ရေး စီစဉ်ဆောင်ရွက်ပေးကာ စားအုန်းဆီတစ်ပိဿာလျှင် ၆၂၀၀ကျပ် ပြည်သူတစ်ဦးလျှင် (၅၀)ကျပ်သားနှုန်းဖြင့် စားအုန်းဆီ ၆၆၀ ပိဿာကို ဈေးနှုန်း သက်သာစွာဖြင့် ရောင်းချပေးခဲ့ကြောင်း သိရသည်။
DOCA(စစ်ကိုင်း)