
စားသုံးသူရေးရာဦးစီးဌာန၊ ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ်၊ မြို့နယ်ဦးစီးမှူး ဦးအောင်လွင်နှင့် ဝန်ထမ်းများသည် ညောင်တုန်းမြို့ ဖြူစင်သန့်ဆန်စက်၊ 29မိုင် ရန်ကုန်ပုသိမ်ကား လမ်းဘေး တဇဉ်ရေကျော်ကျေးရွာ ဖြူစင်သန့် ဆန်စက်အား (၇.၈.၂၀၂၄) ရက်နေ့တွင် ကွင်းဆင်းစစ် ဆေးဆောင်ရွက်ခဲ့ပါသည်။
အဆိုပါကွင်းဆင်းဆောင်ရွက်မှုတွင် စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးအောင်လွင်က ဖြူစင်သန့် ဆန်စက်ပိုင်ရှင်အား စားသုံးသူကာကွယ်ရေးဥပဒေပါ စားသုံးသူအခွင့်အရေးများအကြောင်း၊ ကုန်အညွှန်းအမှတ်အသားပါဝင်မှ ဈေးကွက်အတွင်း ရောင်းချနိုင်မှု ရှိစေရေးနှင့် ညောင်တုန်းမြို့နယ်၏ ဆန်စပါးထွက်ရှိမှု၊ ကြိတ်ခွဲနိုင်မှုနှင့် ဆန်စပါးဈေးကွက်အခြေအနေများ၊ သိုလှောင်ရုံမှတ်ပုံတင် ဆောင်ရွက်ထားရှိမှု၊ ဆန်စက်မှကြိတ်ခွဲပြီး ဆန်များကို ပြည်တွင်းဈေးကွက်ရောင်းချခြင်းရှိပါက အွန်းလိုင်းရောင်းချမှုလုပ်ငန်းနှင့်ပတ်သက်၍ အွန်လိုင်းမှတ်ပုံတင်ဆောင်ရွက်မှုအခြေအနေများအကြောင်းကို အပြန်အလှန်ဆွေးနွေးပြီး ထုတ်ကုန်လုံခြုံ စိတ်ချရမှုရှိစေရေးကို အလေးပေးဆွေးနွေးခဲ့ကြောင်း သတင်းရရှိပါသည်။
DOCA(ဧရာဝတီ)