Main menu

“ ကော့မှူးမြို့နယ်ရှိ ဈေးကွက်တွင် ဖြစ်ပေါ်နေသည့် ဆေးဝါးများဈေးနှုန်းအခြေအနေ ကွင်းဆင်းစစ်ဆေးခြင်း ”

Powered by Drupal

      ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ကော့မှူးမြို့နယ်အတွင်းရှိ ဆေးဆိုင်များတွင် စားသုံးသူရေးရာဦးစီးဌာန၊ တိုင်းဒေသကြီးဦးစီးမှူးရုံး၏ညွှန်ကြားချက်အရ ဈေးကွက်တွင်ဖြစ်ပေါ်နေသည့် ဆေးဝါးများ ဈေးနှုန်းအခြေအနေအား ဩဂုတ်လ(၉)ရက်နေ့၊ နံနက်(၀၉:၃၀)အချိန်တွင် ပူးပေါင်းအဖွဲ့ဖြင့် ဈေးကွက်အတွင်း ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

     ထိုသို့ဈေးကွက်အတွင်း ကွင်းဆင်းစစ်ဆေးခဲ့ရာတွင် မြို့နယ်ကျန်းမာရေးဦးစီးဌာနမှ တာဝန်ရှိသူများ၊ စည်ပင်သာယာရေးအဖွဲ့မှမြို့မဈေးတာဝန်ခံ၊ စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်တာဝန်ခံတို့ပူးပေါင်းအဖွဲ့သည် ပြည်တွင်း၌စားနပ်ရိက္ခာဖူလုံစေရေး၊ အခြေခံစားကုန်များ ဈေးနှုန်းတည်ငြိမ်စေရေးနှင့် ဈေးကွက်အတွင်း ပစ္စည်းပြတ်လပ်မှုမရှိစေရေးတို့ကို အလေးထားဆောင်ရွက်လျက်ရှိရာ စည်ပင်သာယာမြို့မဈေးအတွင်း/အပြင်ရှိ ဆေးဆိုင်များတွင်ဖြန့်ဖြူးရောင်းချလျက်ရှိသော အားဆေး၊ သွေးကျဆေး၊ အာရုံကြောဆေး၊ အကိုက်အခဲပျောက်ဆေး၊ သွေးကျဲဆေး၊ လေဆေး(လူကြီး၊ လူငယ်)၊ ရှူဆေး၊ ရင်ကြပ်ရှူဆေး၊ ရင်ကြပ်ပျောက်ဆေး၊ ဝမ်းပိတ်ဆေးစသည့် လူအသုံးများသော ဆေးဝါးများ ဧပြီလမှစ၍ ဩဂုတ်လအထိ ဈေးနှုန်းပြောင်းလဲမှုအခြေအနေအား ဈေးကွက်အတွင်း ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

DOCA(ရန်ကုန်)