Main menu

ကျောင်းကုန်းမြို့နယ် လူသန့်ချောင်ကျေးရွာ စက်ချုပ်နည်းပညာပေး သင်တန်းကျောင်းဖွင့်လှစ်

Powered by Drupal

    ဧရာဝတီတိုင်းဒေသကြီး အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ အသေးစားစက်မှုလက်မှုလုပ်ငန်းများ ထွန်းကားလာပြီး ကျေးလက်နေပြည်သူမှုများ၍ လူမှုစီးပွားဘဝစဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်လာစေရန် စီမံဆောင်ရွက်ပေးလျက်ရှိရာ မြို့ပြနှင့် ကျေးလက်ဒေသများ အကြားဖွံ့ဖြိုးမှုကွာဟချက် ကျဉ်းမြောင်းလာစေရန်အတွက် သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၏ မျှော်မှန်းချက်နှင့်အညီ မိမိတို့နေအိမ်မှာစက်ချုပ်လုပ်ငန်းလုပ်ကိုင်၍ မိသားစုဝင်ငွေတိုးပွားလာစေရန် ကျောင်းကုန်းမြို့နယ် လူသန့်ချောင်ကျေးရွာနေပြည်သူ ၃၀ ဦးအား စက်ချုပ်နည်းပညာပေးသင်တန်းကို အခမဲ့ဖွင့်လှစ် သင်ကြားပေးလျက်ရှိကြောင်း သိရသည်၊၊

    အဆိုပါသင်တန်းအား (၁.၈.၂၀၂၄)မှ (၃၀.၈.၂၀၂၄) ရက်နေ့အထိ အခြေခံသင်ကြားပေးမှာဖြစ်ပြီး (၆.၉.၂၀၂၄)မှ (၂၀.၉.၂၀၂၄) ရက်နေ့အထိ မွန်းမံသင်တန်းဖွင့်လှစ်ပေးမှာဖြစ်ကြောင်း သင်တန်းကာလ ၄၅ ရက် ကြာဖွင့်လှစ်သင်ကြားပေးပြီး သင်တန်းကာလပြီးဆုံးချိန် သင်တန်းတွင် ထူးချွန်၍ အမှန်တစ်ကယ် လုပ်ငန်းထူထောင်မည့် သင်တန်းသူ ၅ ဦးအား ဒေသဖွံ့ဖြိုးရေးသုံးပစ္စည်းများ ပံ့ပိုးကူညီသွားမှာဖြစ်ကြောင်း သိရသည်၊၊

DOCA(ဧရာဝတီ)