Main menu

ညောင်တုန်းမြို့အတွင်းရောင်းချနေသော အသင့်သောက် အချိုရည်အမျိုးမျိုးအား ဈေးကွက်စောင့်ကြည့်စစ်ဆေး

Powered by Drupal

     စားသုံးသူရေးရာဦးစီးဌာန၊ မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ်၊ မြို့နယ်ဦးစီးမှူးနှင့် ဝန်ထမ်းများသည် (၉-၈-၂၀၂၄)ရက်နေ့၊ နံနက်(၀၉:၃၀)နာရီအချိန်တွင် ညောင်တုန်းမြို့နယ်အတွင်းရှိ အချိုရည်မျိုးစုံရောင်းချသော ဆိုင်ကြီးများသို့ မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ကျန်းမာရေးဦးစီးဌာနနှင့် အတူသွားရောက်၍ အသင့်သောက်အချိုရည်အမျိုးမျိုးတို့အား ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ပါသည်။

       ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင်  ညောင်တုန်းမြို့နယ်အတွင်း အသင့်သောက်အချိုရည်အမျိုးမျိုး ရောင်းချသောဆိုင်ကြီး(၁၀)ဆိုင်မှ လုပ်ငန်းရှင်တို့အား စံချိန်စံညွှန်းများနှင့် ကိုက်ညီမှုမရှိသည့်  စားသောက်ကုန်ပစ္စည်းများ၊ ကုန်အညွှန်းအမှတ်အသားပြည့်စုံစွာမပါရှိသည့် အသင့်သောက်အချိုရည်များ၊ အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန(FDA)၏ ခွင့်ပြုချက်မရှိသော သက်တမ်းလွန်နေသောအသင့်သောက်အချိုရည်အမျိုးမျိုးနှင့် စားသောက်ကုန်ပစ္စည်းများ ဖြန့်ဖြူးရောင်းချခြင်းမပြုစေရန်၊ ဈေးကွက်အတွင်း သတ်မှတ်ချက်နှင့်မညီသော မည်သည့်ကုန်စည်မျိုးကိုမဆို စစ်ဆေးတွေ့ရှိပါက သက်ဆိုင်ရာဥပဒေများအရအရေးယူ ဆောင်ရွက်သွားမည်ဖြစ်ကြောင်းကို ပြောကြားခဲ့ပြီး၊ စားသုံးသူကာကွယ်ရေးဆိုင်ရာအသိပညာများကို အကြံပြုဆွေးနွေးခဲ့ပြီး အသင့်သောက်အချိုရည်အမျိုးမျိုးတို့တွင် ကုန်အညွှန်းအမှတ်အသားပြည့်စုံစွာ ဖော်ပြထားခြင်းရှိ/ မရှိ ဈေးကွက်အတွင်း ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(ဧရာဝတီ)