Main menu

အသင့်သောက်အချိုရည်များတွင် ကုန်အညွှန်းအမှတ်အသား ဖော်ပြပါဝင်ခြင်း ရှိ/မရှိ ကွင်းဆင်းစစ်ဆေး

Powered by Drupal

   ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ပန်းတနော်မြို့နယ်အတွင်းရှိ စားသုံးသူပြည်သူများ  ဝယ်ယူသုံးစွဲရာတွင် ဘေးအန္တရာယ်ကင်းရှင်းစွာ စားသောက်နိုင်ရန်အတွက် ရည်ရွယ်၍ ဈေးကွက်ရောက် ကုန်စည်များ ထုတ်ကုန်များလုံခြုံစိတ်ချရမှုရှိစေရေးတို့အတွက် (၉.၈.၂၀၂၄)ရက်နေ့၊နေ့လယ်(၁၃:၀၀) နာရီအချိန်က အသင့်သောက်အချိုရည်အမျိုးမျိုး ရောင်းချလျက်ရှိသော အအေးနှင့်မုန့်မျိုးစုံ လက်လီ/ လက်ကား စတိုးဆိုင်များရှိ အသင့်သောက်အချိုရည်အမျိုးမျိုးတို့တွင် သတ်မှတ်ထားသော ကုန်အညွှန်းအမှတ်အသားဖာ်ပြချက် ပြည့်စုံမှုရှိ/ မရှိကို ပူးပေါင်းစစ်ဆေးရေးအဖွဲ့ဖြင့် ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။

   ထိုသို့ ကွင်းဆင်းစစ်ဆေးခဲ့ရာတွင် မြို့နယ်စားသုံးသူရေးရာဦးစီးဌာနမှ တာဝန်ရှိသူ ဦးအောင်ကျော်သက်၊ မအူပင်ခရိုင်ဦးစီးမှူးနှင့် ပူးပေါင်းစစ်ဆေးရေးအဖွဲ့သည် အအေးနှင့် အသင့်သောက် အချိုရည်အမျိုးမျိုး၊ မုန့်မျိုးစုံ၊ လက်လီ/လက်ကား လုပ်ငန်းပိုင်ရှင်တို့နှင့်တွေ့ဆုံကာ အသင့်သောက် အချိုရည်အမျိုးမျိုးအား ဖြန့်ဖြူးရောင်းချရာတွင် သက်ဆိုင်ရာဌာနများမှညွန်ကြားထားသော ကုန်အညွှန်းအမှတ် အသားဆိုင်ရာ လိုက်နာရမည့်အချက်များ ပါဝင်မှုရှိ/မရှိ၊ FDA တားမြစ်အချိုရည်များရောင်းချမှုရှိမရှိကို စစ်ဆေးခဲ့ကြသည်။ ရောင်းချနေသော အချိုရည်အမျိုးမျိုးတွင် ထောက်ခံချက်အမှတ်၊ ထုတ်လုပ်သည့် နေရပ်လိပ်စာ၊ ထားသိုပုံအညွှန်း၊ ဓါတ်မတည့်ကြောင်းဖော်ပြချက်၊ အချိုရည်ပါဝင်မှုပမာဏ (ML)၊ အချိုရည်အမှတ်တံဆိပ်အမျိုးအမည်၊ ထုတ်လုပ်ရက်စွဲ၊ ကုန်ဆုံးရက်စွဲများကို မြန်မာဘာသာ၊ အင်္ဂလိပ်ဘာသာဖြင့် စနစ်တကျဖော်ပြပါဝင်ကြောင်း စစ်ဆေးတွေ့ရှိရပြီး ကုန်စည်နှင့် စပ်လျဉ်း၍ အာမခံချက်ပေးရာတွင် စားသုံးသူများ စိတ်ကျေနပ်မှုရှိစေရေးနှင့် စားသုံးသူ ဥပဒေပါ စီးပွားရေးလုပ်ငန်းရှင်၏တာဝန်များအကြောင်း အသိပညာပေး ဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(ဧရာဝတီ)