![](http://www.doca.gov.mm/sites/default/files/styles/consumer_inner_image__847x424_/public/19.8_5.jpg?itok=Sv9xrY8L)
၁၂.၈.၂၀၂၄ ရက်နေ့ စားသုံးသူရေးရာဦးစီးဌာန၊ မော်လမြိုင်မြို့နယ်တာဝန်ခံသည် မိတ်ဖက်ဌာနများဖြစ်သည့် မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့တို့ပါဝင်သော ပူးပေါင်းအဖွဲ့ဖြင့် မော်လမြိုင်မြို့၊ အမှတ်(၂)ဈေးကြီးနှင့် ပွဲရုံတန်းအတွင်းရှိ ကုန်စုံဆိုင်ကြီးများတွင် ရောနှောဆီအပါအဝင် စားသုံးဆီအမျိုးမျိုးကို ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ကြောင်း သိရှိရသည်။
ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် မော်လမြိုင်မြို့ အမှတ်(၂)ဈေးကြီးနှင့် ပွဲရုံတန်းအတွင်းရှိ ကုန်စုံဆိုင်ကြီးများတွင် ရောင်းချလျက်ရှိသော စားသုံးဆီများဖြစ်သည့် ပုဇွန်နှစ်ကောင်၊ DUCK တံဆိပ်၊ အမေထွားစသည့် စားသုံးဆီများတွင် ကုန်ညွှန်းအမှတ်အသားများ မြန်မာဘာသာဖြင့် ပြည့်စုံမှန်ကန်စွာ ဖော်ပြထားခြင်းရှိ/မရှိ စစ်ဆေးခဲ့ပြီး စားဆီဘူးများတွင် ကုန်အညွှန်းအမှတ်သားများအား ပြည့်စုံမှန်ကန်စွာ ဖော်ပြထားသည်ကို တွေ့ရှိခဲ့ကြောင်း သိရှိရပါသည်။
DOCA(မွန်)