Main menu

ကန့်ဘလူမြို့နယ်တွင် စားသုံးဆီအမျိုးမျိုးအား ဈေးကွက်စောင့်ကြည့်စစ်ဆေး

Powered by Drupal

   ၂၀၂၄ ခုနှစ် ဩဂုတ်လ ၁၃ ရက် နံနက် ၁၁:၀၀ အချိန်တွင် စားသုံးသူရေးရာဦးစီးဌာန ကန့်ဘလူမြို့နယ်တာဝန်ခံ ဦးမျိုးဝင်းသန်းနှင့် ဒေါ်အိမွန်ကျော် အငယ်တန်းစာရေးတို့သည် ကျန်းမာ ရေးဦးစီးဌာနနှင့် စည်ပင်သာယာရေးအဖွဲ့တို့နှင့်ပူးပေါင်း၍ ကန့်ဘလူမြို့မဈေးရှိ “ဒေါ်မော်မော်နိုင်” ကုန်စုံဆိုင်တွင်ရောင်းချနေသော စားသုံးဆီအမျိုးမျိုးအား ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ကြောင်း သိရသည်။

     စစ်ကိုင်းတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန ကန့်ဘလူမြို့နယ်တာဝန်ခံရုံးသည် စားသုံးသူများနေ့စဉ် အသုံးပြုလျက်ရှိသော ကုန်စည်နှင့် ဝန်ဆောင်မှုများကို ဘေးအန္တရာယ်ကင်း ရှင်းစွာအသုံးပြုနိုင်စေရန်ရည်ရွယ်၍ သက်ဆိုင်ရာဌာနများနှင့်ပူးပေါင်းကာ ဈေးကွက်စောင့်ကြည့်စစ် ဆေးခြင်းများ ဆောင်ရွက်လျက်ရှိကြောင်း၊ ဈေးကွက်အတွင်းရောင်းချနေသည့် စားသုံးဆီအမျိုးမျိုး တွင် ကုန်အညွှန်အမှတ်အသားများကို ညွှန်ကြားချက်နှင့်အညီ မြန်မာဘာသာဖြင့်ဖော်ပြထားခြင်း ရှိ/မရှိ၊ ရောနှောဆီများနှင့် တရားမဝင်တင်သွင်းလာသောဆီများ ရောင်းချမှုရှိ/မရှိ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း၊  လုပ်ငန်းရှင်များအနေဖြင့် သက်ဆိုင်ရာဌာနများ၏ ထောက်ခံချက်မရှိသော စားသုံးဆီများကို ရောင်းချခြင်းမပြုလုပ်ရန် အသိပညာပေးပြောကြားခဲ့ပြီး  စားသုံးသူကာကွယ်ရေး အကြောင်းသိကောင်းစရာ လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

DOCA(စစ်ကိုင်း)