Main menu

ကန့်ဘလူမြို့နယ်၌ ဧရာမင်းစပါး မျိုးစေ့ထုတ်စိုက်ပျိုးခြင်း ကွင်းသရုပ်ပြပွဲနှင့် ဓာတ်မြေဩဇာပေးအပ်ပွဲကျင်းပ

Powered by Drupal

   စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင် ကန့်ဘလူမြို့နယ်တွင်း မျိုးသန့်စပါးမျိုးများ ဖူလုံ စေရေးနှင့် မျိုးစပါးပန်းတိုင်အထွက်နှုန်းရရှိရေးအတွက် ဒေသခံတောင်သူများ မျိုးစပါးနှင့်ပတ်သက် ပြီး လိုက်နာရမည့်အချက်များ ပျိုးသက်မှန်စိုက်ပျိုးရေးနှင့် တစ်ဧကကောက်ကွက်ပြည့်မီရေးတို့ အတွက် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနကကြီးမှူး၍ ဧရာမင်းစပါးမျိုးစေ့ထုတ် စိုက်ပျိုးခြင်းကွင်း သရုပ်ပြပွဲနှင့် ယူရီးယားဓာတ်မြေဩဇာပေးအပ်ပွဲကို ဩဂုတ်လ ၁၃ ရက် နံနက် (၀၉:၀၀) နာရီက တောင်သူဦးမျိုးနိုင်၏ ၂ ဧကစိုက်ကွင်း၌ ကျင်းပခဲ့ပါသည်။

   အဆိုပါကွင်းသရုပ်ပြပွဲတွင် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌ ဦးစောထွန်းဦးက ဒေသခံတောင်သူများ အနေဖြင့် ဒေသရေမြေအခြေအနေပေါ်မူတည်၍ ယခုစိုက်ပျိုးရာသီတွင် ပျိုးသက်မှန်ကန်မှုရှိပြီး ၁ဧကအထွက်နှုန်းပြည့်မီရေး၊ မျိုးကောင်းမျိုးသန့်များကို နည်းစနစ်မှန်ကန်စွာစိုက်ပျိုးကြရန်၊ အထွက်နှုန်းကောင်းမွန်ပြီး တောင်သူများ၏ လူမှုစီးပွားဘဝများလည်း ဖွံ့ဖြိုးတိုးတက်လာမည်ဖြစ် ကြောင်း ဆွေးနွေးပြောကြားခဲ့သည်။

   ဆက်လက်၍ မြို့နယ်စိုက်ပျိုးရေးဦးစီးမှူး ဦးမျိုးဇော်က မိုးစပါးဧရာမင်း မျိုးစေ့ထုတ်စိုက်ပျိုး ပြသခြင်း နည်းပညာပေးကွင်းသရုပ်ပြပွဲနှင့် ယူရီးယားဓာတ်မြေဩဇာပေးအပ်ပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားပြီး ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌနှင့်တာဝန်ရှိသူများက တက်ရောက်လာသော တောင်သူများအား ယူရီးယားဓာတ်မြေဩဇာများ ပေးအပ်ကြသည်။

   ထို့နောက် ကွင်းသရုပ်ပြပွဲကျင်းပရာ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌနှင့်အဖွဲ့ဝင်များ၊ မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌနှင့်အဖွဲ့ဝင်များ ၊ ခရိုင်နှင့်မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ တာဝန်ရှိသူများ နှင့်ဝန်ထမ်းများ၊ ဖိတ်ကြားထားသည့် ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် ဒေသခံတောင်သူ ၁၀၀ ဦး ကြည့်ရှုအားပေးကြသည်။ ကန့်ဘလူမြို့နယ်တွင် ယခုနှစ်မိုးစပါးစိုက်ပျိုးရာသီတွင် မိုးစပါး ၁၄၂၅၅ဧက စိုက်ပျိုးရန်လျာထားပြီး လက်ရှိအချိန်ထိ ၁၀၇၁၀ဧက စိုက်ပျိုးပြီးဖြစ်ကြောင်း သိရသည်။

DOCA(စစ်ကိုင်း)