ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ မြောင်းမြခရိုင်ဦးစီးမှူးရုံး၊ မြို့နယ်ဦးစီးမှူး ဦးလှထွဋ်ဦးသည် (၁၃.၈.၂၀၂၄)ရက်နေ့၊ နေ့လယ်(၁၄:၀၀)နာရီက စားသုံးသူရေးရာဦးစီးဌာန၊ မြောင်းမြခရိုင်ဦးစီးမှူးရုံး အစည်းအဝေးခန်းမတွင် စက်မှုလုပ်ငန်းသုံးဆီ လုပ်ငန်းရှင်များအား ခေါ်ယူတွေ့ဆုံ၍ စားသုံးသူကာကွယ်ရေး အသိပညာပေး ဟောပြောဆောင်ရွက်ခဲ့ပါသည်။
ထိုသို့ဟောပြောဆွေးနွေးရာတွင် စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်ဦးစီးမှူးမှ စားသုံးသူရေးရာဦးစီးဌာန၏ လက်ရှိဆောင်ရွက်နေသော လုပ်ငန်းတာဝန်များ၊ ရှေ့ဆက်ဆောင်ရွက်ရမည့် လုပ်ငန်းတာဝန်များကို ဦးစွာရှင်းလင်း ပြောကြားခဲ့ပါသည်။ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဦးစီးဌာနမှ ထုတ်ပြန်ထားသော စားသုံးသူကာကွယ်ရေး ဥပဒေပါ ၂၀၁၉ ပါပြဌာန်းချက်များမှ စားသုံးသူ၏အခွင့်အရေးနှင့်တာဝန်များ၊ စီးပွားရေးလုပ်ငန်းရှင်များ၏ တာဝန်များ၊ တားမြစ်ချက်များ၊ ပြစ်မှုပြစ်ဒဏ်များအား အသေးစိတ်ရှင်းလင်းဟောပြောခဲ့ပြီး၊ စက်မှုလုပ်ငန်းသုံးဆီခွဲတမ်းရရှိမှုနှင့် ပတ်သက်ပြီး ရရှိသောခွဲတမ်းဆီများအား စက်မှုလုပ်ငန်းတွင်သာ အသုံးပြုရန်ဖြစ်ကြောင်း Online Sale နှင့် ပတ်သက်ပြီး မှတ်ပုံတင်လျှောက်ထားရမည့် နည်းလမ်းများအား အသေးစိတ် ရှင်းလင်းဆွေးနွေးခဲ့ပြီး၊ စားသုံးဆီ လုပ်ငန်းရှင်များမှ သိရှိလိုသည့်မေးမြန်းချက်များအား မြို့နယ်ဦးစီးမှူးမှ ပြန်လည်ရှင်းလင်းဆွေးနွေးခဲ့ပါသည်။ ဟောပြောပွဲသို့ စားသုံးဆီလုပ်ငန်းရှင်(၄၄)ဦး တက်ရောက်ခဲ့ကြောင်း သိရှိရပါသည်။
DOCA(ဧရာဝတီ)