ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ မြောင်းမြမြို့နယ်ဦးစီးမှူး ဦးလှထွဋ်ဦးနှင့် ဝန်ထမ်းများသည် (၁၃.၈.၂၀၂၄) ရက်နေ့ နံနက်(၀၉;၃၀)နာရီက မြို့နယ်ဆန်စက်ပိုင်ရှင်အသင်းရုံးတွင် ဆန်စက်ပိုင်ရှင်နှင့်စက်ပိုင် ကိုယ်စားလှယ်များအား စားသုံးသူအသိပညာပေးဟောပြောပွဲ ပြုလုပ်ဆောင်ရွက်ခဲ့ပါသည်။
ထိုသို့ဆွေးနွေးရာတွင် စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်ဦးစီးမှူးမှတက်ရောက်လာသော ဆန်စက်ပိုင်ရှင်နှင့် စက်ပိုင်ကိုယ်စားလှယ်များအား မိတ်ဆက်စကားပြောကြားပြီး၊ မြို့နယ်ဦးစီးမှူးမှ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော စားသုံးသူကာကွယ်ရေးဥပဒေ ၂၀၁၉ ပါ ပြဌာန်းချက်များမှ စားသုံးသူ၏ အခွင့် အရေးနှင့်တာဝန်များ စီးပွားရေးလုပ်ငန်းရှင်များ၏တာဝန်များ၊ တားမြစ်ချက်များ၊ ပြစ်မှုပြစ်ဒဏ်များ၊ ညွှန်ကြားချက်များအားအသေးစိတ်ရှင်းလင်းခဲ့ပြီး၊ Online Sale မှတ်ပုံတင်လျှောက်ထားရန်အတွက် လျှောက်ထားရမည့် နည်းလမ်းများအား အသေးစိတ်ရှင်းလင်းဆွေးနွေးခဲ့ပါသည်။ Online Sale နှင့်ပတ်သက်၍ အသေးစိတ်သိရှိလိုပါက eComreg System www. eComreg.gov.mm တွင် ဝင်ရောက်လျှောက်ထားနိုင်ပါကြောင်း မှတ်ပုံတင်လက်မှတ်များလျှောက်ထားရယူခြင်းမရှိပဲ ဆောင်ရွက်ကြောင်း စစ်ဆေးတွေ့ရှိပါက အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း ကုန်သွယ်ရေးဦးစီးဌာန၏ အသိပေးကြေငြာချက်(၁၁/၂၀၂၄)တွင် ကြေငြာထားခြင်းအား ရှင်းလင်းဆွေးနွေးခဲ့ပါသည်။ ဆန်စက်ပိုင်ရှင်နှင့် စက်ပိုင်ကိုယ်စားလှယ်များအား (၃၄)ဦးတက်ရောက်ခဲ့ကြောင်း သိရှိရပါသည်။
DOCA(ဧရာဝတီ)