
တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်စားသုံးသူရေးရာဦးစီးဌာနသည် ၂၀၂၄ခုနှစ်၊ သြဂုတ်လ (၁၆) ရက်နေ့၊ နံနက်(၁၀း၀၀)နာရီအချိန်တွင် ဆန်လုပ်ငန်းရှင်များကို မြိတ်မြို့၊ ဆိပ်ငယ်ရပ်ရှိ စားသုံးသူရေးရာဦးစီးဌာနသို့ ခေါ်ယူကာ စားသုံးသူကာကွယ်ရေးဆိုင်ရာ သိကောင်းစရာနှင့် အွန်လိုင်းမှတ်ပုံတင်နှင့် ပတ်သက်သည့်အကြောင်းအရာများအား အသိပညာပေးဟောပြောဆွေးနွေးခဲ့ကြပါသည်။
အသိပညာပေးဟောပြောဆွေးနွေးရာတွင် စားသုံးသူများဘေးအန္တရာယ်ကင်းစေရန်နှင့် အွန်လိုင်းစနစ်ဖြင့် ရောင်းချမည်ဆိုပါက မှတ်ပုံတင်ရန်၊ Online Sale လုပ်ငန်းများ မှတ်ပုံတင်လျှောက်ထားခြင်းနှင့်ပတ်သက်သည့်အကြောင်းအရာများ၊ လိုအပ်သည့်အချက်အလက်များ၊ မှတ်ပုံမတင်ခြင်းကြောင့် ဖြစ်ပေါ်လာနိုင်သည့်အခြေအနေများအား ဟောပြောဆွေးနွေးခဲ့ပြီး လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်း သိရှိရရှိပါသည်။
DOCA(တနင်္သာရီ)