Main menu

ကော့သောင်းမြို့ ပေါ်ရှိ စည်ပင်သာယာစျေးများတွင်စားသောက်ကုန်အရောင်းဆိုင်များအား ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း

Powered by Drupal

     ၂၀၂၄ ခုနှစ်၊ သြဂုတ်လ ၁၆ ရက်နေ့ ၊နေ့လယ် (၁၅:၀၀)နာရီအချိန်တွင် ကော့သောင်း မြို့နယ်စီမံအုပ်ချူပ်ရေးအဖွဲ့ လမ်းညွှန်မှာကြားချက်အရ မြို့နယ်ရဲတပ်ဖွဲ့၊ မြို့နယ်စိုက်ပျိူးရေးဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊ ခရိုင်စားသုံးသူရေးရာဦးစီးဌာနတို့သည် ကော့သောင်းမြို့ပေါ်ရှိ စည်ပင်သာယာစျေးးများတွင် စားသောက်ကုန်အရောင်းဆိုင်များအား မြေပြင်ကွင်းဆင်း စစ်ဆေး‌ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။

       အဆိုပါ မြို့နယ်ကုန်စျေးနှုန်းတည်ငြိမ်ရေးလုပ်ငန်းအဖွဲ့ဝင်များသည် စည်ပင်သာယာစျေးများတွင် ရောင်းချနေသည့် အခြေခံစားသောက်ကုန်များသည် စျေးကစားရန် ရည်ရွယ်ချက်ဖြင့် သိုလှောင်ခြင်း၊ စျေးနှုန်းမြှင့်တင်ရောင်းချခြင်း ရှိ/မရှိ ကွင်းဆင်းစစ်ဆေးခြင်းနှင့် ကုန်စျေးနှုန်းစာ ရင်းကောက်ယူခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။

DOCA(တနင်္သာရီ)