Main menu

သတင်းအချက်အလက်နည်းပညာနှင့်အရည်အသွေးစီမံခန့်ခွဲရေးဌာနခွဲ လုပ်ငန်းညှိနှိုင်းအစည်းအဝေးပွဲသို့တက်ရောက်

Powered by Drupal

      ၂၀၂၄ ခုနှစ်၊ သြဂုတ်လ ၁၇ ရက်နေ့၊ နေ့လယ် (၁၃း၃၀)နာရီအချိန်တွင် သတင်းအချက် အလက်နည်းပညာနှင့်အရည်အသွေးစီမံခန့်ခွဲရေးဌာနခွဲမှ လုပ်ငန်းဆောင်ရွက်ချက်များနှင့် စပ်လျဥ်းသည့် လုပ်ငန်းညှိနှိုင်းအစည်းအဝေးပွဲကို စားသုံးသူရေးရာဦးစီးဌာန၊ တနင်္သာရီတိုင်းဒေသကြီးဦးစီးမှူးရုံးမှ အရာထမ်း၊ အမှုထမ်းများမှ Online Virtual စနစ်ဖြင့် တက်ရောက်ခဲ့ပါသည်။

    အဆိုပါအစည်းအဝေးတွင် စားသုံးသူရေးရာဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပ်မှ အဖွင့်အမှာစကားပြောကြားခြင်း၊ ရုံးချုပ်၊ ၊ တိုင်း‌ဒေသကြီး/ပြည်နယ်များမှ သတင်းအချက်အလက်နည်းပညာနှင့်အရည်အသွေးစီမံခန့်ခွဲရေး ဌာနခွဲတာဝန်ခံများမှ ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ်၊ ဧပြီလမှ ဇူလိုင်လအတွင်း စားသုံးသူရေးရာဦးစီးဌာန website နှင့် Commerce Journal ၊အခြားဂျာနယ်နှင့်သတင်းစာတို့တွင် သတင်းပါဝင်ဖော်ပြနိုင်ခဲ့မှုအခြေအနေများအား ရှင်းလင်းဆွေးနွေးခြင်း၊ Commerce Journal မှ အထွေထွေမန်နေဂျာနှင့် အုပ်ချုပ်ရေးမှူးတို့မှ သတင်း/ဆောင်းပါးရေးသားရာတွင် သိရှိလိုက်နာသင့်သည့်အချက်များနှင့် ရေးသားနည်းများအား ရှင်းလင်းဆွေးနွေးခြင်းများ ဆောင်ရွက်ခဲ့ကာ ဒုတိယညွှန်ကြားရေးမှူးချုပ်မှ နိဂုံးချုပ် အမှာစကားပြောကြားခဲ့ပြီး ညှိနှိုင်းအစည်းအဝေးအား ရုပ်သိမ်းခဲ့ကြောင်း သိရှိရပါသည်။

DOCA(တနင်္သာရီ)