၂၀၂၄ ခုနှစ် သြဂုတ်လ ၁၈ ရက်နေ့ နံနက် (၀၉:၀၀)အချိန်တွင် ကော့သောင်းခရိုင် စားသုံးသူရေးရာဦးစီးဌာနှင့် မြို့နယ်စည်ပင်သာယာရေးအဖွဲ့နှင့်ပူးပေါင်း၍ ကော့သောင်းမြို့ပေါ်ရှိ စားသုံးဆီရောင်းချနေသည့် ကုန်စုံဆိုင်များကို မြေပြင်ကွင်းဆင်းစစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။
အဆိုပါ ကွင်းဆင်းစစ်ဆေးရာ ကော့သောင်းမြို့ပေါ်ရှိ စားသုံးဆီရောင်းချနေသည့် ကုန်စုံဆိုင်များအား လူမှုကွန်ရက်စာမျက်နှာပေါ်တွင် ဖော်ပြထားသော ဆီများဖြစ်သည့် ဝက်ဆီဖတ် ကြော်ဆီ၊ ဆီအသန့်ကြော် ကြော်ပြီးသားဆီ၊ အာလူးကြော်ဆီ၊ ကြက်ကြော်ဆီစသည်များ ရောင်းချနေခြင်းရှိ/မရှိအား မြေပြင်ကွင်းဆင်းစစ်ဆေးရာတွင် ဆီများရောင်းချနေခြင်း မရှိပါကြောင်း သိရှိခဲ့ရပါသည်။
DOCA(တနင်္သာရီ)