၁၅.၈.၂၀၂၄ ရက်နေ့ မွန်ပြည်နယ်၊ စားသုံးသူရေးရာဦးစီးဌာနမှ ဒုတိယပြည်နယ်ဦးစီးမှူး၊ မော်လမြိုင်ခရိုင်ဦးစီးမှူး၊ မော်လမြိုင်မြို့နယ်တာဝန်ခံနှင့် ဝန်ထမ်းများအဖွဲ့သည် မော်လမြိုင်မြို့ သားဖွားသင်တန်းကျောင်းမှ ဆရာမနှင့်သင်တန်းသူများအဖွဲ့ဖြင့် ပူးပေါင်း၍ မော်လမြိုင်မြို့၊ ကျောက်တန်းစက်မှုဇုန်ရှိ ကိုလှထွန်း ငရုတ်သီးမှုန့်စက်ရုံသို့ ကွင်းဆင်းစစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။
ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် စက်ရုံလုပ်ငန်းခွင်၌ စားသုံးသူများ ဘေးအန္တရာယ် ကင်းရှင်းမှု ရှိ/မရှိ၊ ထုတ်လုပ်မှုလုပ်ငန်းစဉ်အဆင့်ဆင့် သန့်ရှင်းမှုရှိ/မရှိ၊ သက်ဆိုင်ရာဌာနများက သတ်မှတ်ထားသော စည်းကမ်းချက်များကို လိုက်နာဆောင်ရွက်မှုရှိ/မရှိ၊ ထုတ်ကုန်များတွင် ကုန်အညွှန်းအမှတ်အသား ပြည့်စုံမှန်ကန်စွာဖော်ပြထားခြင်းရှိ/မရှိ စစ်ဆေးခဲ့ရာ ကုန်အညွှန်းအမှတ်အသားများ ပြည့်စုံစွာဖော်ပြထားသည်ကို တွေ့ရှိရကြောင်း သတင်းရရှိပါသည်။
DOCA(မွန်)