Main menu

သရက်မြို့ အမှတ်(၃)အခြေခံပညာအထက်တန်းကျောင်း၌ အသိပညာပေးဟောပြောဆွေးနွေး

Powered by Drupal

    မကွေးတိုင်းဒေသကြီး၊ တိုင်းဦးစီးမှူးရုံးမှဝန်ထမ်းများနှင့်  သရက်ခရိုင်ဦးစီးမှူးရုံးမှ ဒုတိယခရိုင်ဦးစီးမှူးနှင့်ဝန်ထမ်းများသည် စားသုံးသူများအခွင့်အရေးများ သိရှိစေရန်နှင့် ရယူတောင်းဆိုတတ်စေရန်၊ အစားအသောက်များကို ဘေးအန္တရာယ်ကင်းစွာ စားသောက်တတ်စေရန် ရည်ရွယ်၍ (၁၆-၈-၂၀၂၄) ရက်နေ့၊ နေ့လယ်(၁၃း၀၀)နာရီအချိန်တွင် သရက်ခရိုင် အမှတ်(၃)အခြေခံပညာအထက်တန်းကျောင်း၌ စားသုံးသူကာကွယ်ရေး အသိပညာပေးဟောပြောဆွေးနွေးခဲ့ကြောင်း သိရသည်။

     ဒုတိယခရိုင်မှူးမှ ဌာနသမိုင်းကြောင်း၊ ဦးစီးဌာန၏ ရည်မှန်းချက်၊ မျှော်မှန်းချက်များ၊ လက်ရှိဆောင်ရွက်နေသည့် လုပ်ငန်းတာဝန်များနှင့် စားသုံးသူကာကွယ်ရေးဥပဒေပါ ရည်ရွယ်ချက်များအကြောင်းကိုလည်းကောင်း၊ မကွေးတိုင်းဦးစီးမှူးရုံး စားသုံးတာဝန်ခံမှ စားသုံးသူအခွင့်အရေး(၈)ချက်၊ လိုက်နာရမည့်တာဝန်(၄)ချက်၊စားသုံးသူမှနစ်နာဆုံးရှုံးမှုကိုတိုင်ကြားလိုပါက တိုင်ကြားနိုင်ခြင်း၊ဌာနမှ စေ့စပ်ညှိနှိုင်းဖြေရှင်းဆောင်ရွက်မှုအကြောင်းအရာများကိုလည်းကောင်း၊ ထုတ်လုံတာဝန်ခံမှအခန်း (၁၈)ပါကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့်စပ်လျဉ်း၍ မြန်မာဘာသာဖြင့် ပြည့်စုံစွာဖော်ပြပါရှိသော ကုန်စည်များ ဝယ်ယူသုံးစွဲနိုင်စေရေး ကုန်အညွှန်းအမှတ်အသားဆိုင်ရာအချက်(၈)ချက်ကိုလည်း ကောင်း၊ ခရိုင်FDA တာဝန်ခံမှ အစားအသောက်များတွင် ခွင့်မပြုသည့်ဓာတုပစ္စည်းများ၊ ကျန်းမာရေးအန္တရာယ်ဆိုးဝါးစွာထိခိုက်နိုင်သည့် အစားအသောက်များကို အန္တရာယ်ကင်းစွာကျင့်ကြံ စားသောက်ရ မည့်အကြောင်းများကိုလည်းကောင်း အသိပညာပေးဟောပြောခဲ့ကြောင်း သိရှိရပါသည်။

DOCA(မကွေး)