Main menu

တနင်္သာရီတိုင်းဒေသကြီး၊ ၂၀၂၄ခုနှစ်၊ လူဦးရေနှင့်အိမ်အကြောင်းအရာသန်းခေါင်စာရင်း တိုင်းဒေသကြီးအဆင့် နည်းပြသင်တန်းဖွင့်ပွဲ အခမ်းအနားအား တိုင်းဒေသကြီး စားသုံးသူရေးရာဦးစီးဌာနမှ တက်ရောက်

Powered by Drupal

      တနင်္သာရီတိုင်းဒေသကြီး၊ သန်းခေါင်စာရင်းကြီးကြပ်မှုကော်မတီ၏ ၂၀၂၄ ခုနှစ်၊ လူဦးရေနှင့်အိမ်အကြောင်းအရာသန်းခေါင်စာရင်း တိုင်းဒေသကြီးအဆင့်နည်းပြသင်တန်းဖွင့်ပွဲ အခမ်းအနား အား (၁၉.၈.၂၀၂၄)ရက်နေ့၊ နံနက်(၀၉:၀၀)နာရီအချိန်တွင် ထားဝယ်မြို့၊ မြို့တော်ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ရာ တနင်္သာရီတိုင်းဒေသကြီးဝန်ကြီးချုပ်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသကြီး အဆင့်ဌာနဆိုင်ရာများနှင့်အတူ တိုင်းဒေသကြီးစားသုံးသူရေးရာဦးစီးဌာနမှ တက်ရောက်ခဲ့ပါသည်။

     အဆိုပါဟောပြောပွဲတွင် တနင်္သာရီတိုင်းဒေသကြီးဝန်ကြီးချုပ်မှ အဖွင့်အမှာစကားပြောကြားခဲ့ပြီး သင်တန်းသား/သင်တန်းသူများက မိတ်ဆက်စကားပြောကြားခဲ့ပါသည်။ ထို့နောက် မှတ်တမ်းတင်ဓါတ်ပုံများ ရိုက်ကူးခဲ့ပြီး နံနက်(၀၉:၃၀)အချိန်တွင် အခမ်းအနားပြီးမြောက်ကြောင်း သတင်းရရှိပါသည်။

DOCA(တနင်္သာရီ)