၂၀၂၄ ခုနှစ်၊ သြဂုတ်လ ၁၉ ရက်နေ့၊ နေ့လယ်(၁၄း၀၀) နာရီ အချိန်တွင် စားသုံးသူရေးရာဦးစီး ဌာန၊ တနင်္သာရီတိုင်းဒေသကြီး၊ တိုင်းဒေသကြီးဦးစီးမှူးရုံး၊ ထားဝယ်မြို့တွင် ဝန်ထမ်းများ၏ လစာစရိတ်(Payroll)များအား Digital Payment စနစ်ဖြင့် ပြောင်းလဲထုတ်ယူနိုင်ရေးအတွက် ထားဝယ်မြို့ရှိ AYA Bank နှင့် ချိတ်ဆက်ဆောင်ရွက်ခဲ့ပါသည်။
ချိတ်ဆက်ဆောင်ရွက်မှုကြောင့် ထားဝယ်မြို့၊ AYA Bank ဝန်ထမ်းများမှ တိုင်းဒေသကြီး ဦးစီးမှူးရုံးသို့ လာရောက်၍ တိုင်းဒေသကြီးဦးစီးမှူးရုံးတွင် တာဝန်ထမ်းဆောင်နေသော ဝန်ထမ်းများအား AYA Pay Wallet များအား လျှောက်ထားပေးခြင်း၊ ATM card နှင့် Savings Passbook များ လျှောက်ထားရန် လိုအပ်သော အချက်အလက် form များ ဖြည့်သွင်းခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။
DOCA(တနင်္သာရီ)