Main menu

ဘိုကလေးမြို့၊ (၉) ရပ်ကွက် “ရွှေကမ္ဘာ” ဆန်စက်သို့ MSMEs လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး ကွင်းဆင်းစိစစ်

Powered by Drupal

    ဘိုကလေးမြို့၊ စားသုံးသူရေးရာဦးစီးဌာန မှ မြို့နယ်တာဝန်ခံနှင့် ဝန်ထမ်းများသည် ၂၀၂၄ခုနှစ်၊ ဩဂုတ်လ(၁၂)ရက်နေ့၊ နံနက်(၁၀:၀၀)နာရီအချိန်တွင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်ရဲတပ်ဖွဲ့၊ စည်ပင်သာယာရေးအဖွဲ့တို့နှင့်ပူးပေါင်း၍ ဘိုကလေးမြို့၊ (၉) ရပ်ကွက် ရွှေကမ္ဘာဆန်စက်သို့ MSMEs လုပ်ငန်းများဖွံ့ဖြိုးတိုးတက်ရေးနှင့် ထုတ်ကုန်လုံခြုံ စိတ်ချရမှုရှိစေရေး ကွင်းဆင်းစိစစ်ခဲ့ကြပါသည်။

  အဆိုပါကွင်းဆင်းစိစစ်မှုတွင် မြို့နယ်တာဝန်ခံက “ရွှေကမ္ဘာ” ဆန်စက်ပိုင်ရှင် ဦးဝင်းမင်းသန့် အား ဆန်စပါး ဈေးနှုန်းဈေးကွက် အခြေအနေ နှင့် လက်ကျန်ဆန်စပါးအခြေအနေနှင့် ထုတ်လုပ်နေမှုအခြေအနေတို့အားမေးမြန်းခဲ့ပါသည်။ ဆန်စပါးဈေးနှုန်း ဈေးကွက်အခြေအနေမှာ ပေါ်ဆန်း တစ်အိတ်လျှင် (၁၂၀၀၀၀) ကျပ်၊ ဧည့်ထမတစ်အိတ်လျှင် (၇၂၀၀၀)ကျပ်၊ ဆန်စပါး လက်ကျန်အနေဖြင့် စပါးတင်း(၅၀၀၀)၊ ဆန်(၈၀၀)အိတ်နှင့် လုပ်သားအင်အား(၁၂)ဦးဖြင့် လည်ပတ်လျက်ရှိကြောင်းသိရသည်။ထို့နောက်မြို့နယ်တာဝန်ခံ ဒေါ်ခင်စန်းအေးက အခြေခံလုပ်သားပြည်သူများ စားဝတ်နေရေး အဆင်ပြေစေရေးအတွက်ဆန်များကိုရည်ညွှန်းဈေးဖြင့်ရောင်းချပေးရန်နှင့်ခေတ်မှီစက်ကိရိယာများတပ်ဆင်ထားရှိမှုအခြေအနေ၊ MSMEsလုပ်ငန်းများဖွံ့ဖြိုးတိုးတက်ရေးတို့အတွက် ကွင်းဆင်းစိစစ်ခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(ဧရာဝတီ)