Main menu

လပွတ္တာခရိုင် လပွတ္တာမြို့နယ်၊ အမှတ်(၅)ရပ်ကွက် ကမ်းနားလမ်းရှိ လက်လီ၊ လက္ကားဆန်အရောင်းဆိုင်များအား ကွင်းဆင်းစစ်ဆေး

Powered by Drupal

     ဧရာဝတီတိုင်းဒေသကြီး၊       စားသုံးသူရေးရာဦးစီးဌာန၊ လပွတ္တာခရိုင် လပွတ္တာမြို့နယ် တာဝန်ခံဦးမြင့်ဌေးနှင့် ဝန်ထမ်းများသည်(၁၅.၈.၂၀၂၄)ရက်နေ့၊ နံနက်(၀၉:၃၀)နာရီတွင် အမှတ်(၅)ရပ်ကွက် ကမ်းနားလမ်းရှိ လက်လီ၊ လက္ကားဆန်အရောင်းဆိုင်များအား ကွင်းဆင်းဆောင်ရွက်ခဲ့ပါသည်။

     ထို့သို့ကွင်းဆင်းဆောင်ရွက်ရာတွင် မြို့နယ်တာဝန်ခံမှ ဆန်လက်လီ၊ လက္ကားအရောင်းဆိုင်ပိုင်ရှင်များအနေဖြင့် စားသုံးသူပြည်သူများအား ဈေးနှုန်းမြှင့်တင်ရောင်းချခြင်းမပြုကြရန် မြန်မာနိုင်ငံဆန်စပါးအသင်းချုပ် MRF မှ ထုတ်ပြန် ထားသည့် သတ်မှတ်ရည်ညွှန်းဈေးဖြင့်သာ ရောင်းချကြရန် ဆန်ဈေးနှုန်းများကိုလည်း ပြည်သူများမြင်သာသော အရွယ်အစားဖြင့် မြင်သာသောနေရာများတွင် ရေးသားဖော်ပြ၍ ရောင်းချကြရန်၊ ဈေးကွက်အတွင်း ဈေးနှုန်းမြှင့်တင်ရောင်းချခြင်း၊ ဈေးကစားရန်ရည်ရွယ်ချက်ဖြင့် သိုလှောင်ထားခြင်းများ တွေ့ရှိပါက အရေးကြီးကုန်စည်နှင် ဝန်ဆောင်မှုဥပဒေအရ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဆိုင်ရှင်များအား အသိပေးဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။

DOCA(ဧရာဝတီ)