မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူးမြို့နယ်တာဝန်ခံသည် (၁၇.၈.၂၀၂၄)ရက်နေ့၊ နံနက် (၀၉:၃၀)နာရီအချိန်တွင် မင်းဘူးမြို့၊ ကုန်းသာကျေးရွာ အခြေခံပညာအထက်တန်းကျောင်း(ခွဲ)နှင့် နေ့လယ် (၁၃:၀၀)နာရီအချိန်တွင် မင်းဘူးမြို့၊ ကန်ရေကျေးရွာ အခြေခံပညာအလယ်တန်းကျောင်း(ခွဲ)တို့၌ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာနမှ ဝန်ထမ်းများနှင့်ပူးပေါင်း၍ အသိပညာပေးဟောပြောခဲ့ကြောင်း သိရပါသည်။
မင်းဘူးမြို့နယ်တာဝန်ခံမှ စားသုံးသူ၏ အခွင့်အရေးနှင့်တာဝန်များ၊ ကုန်အညွှန်းအမှတ်အသားအကြောင်းကိုလည်းကောင်း၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာဦးစီးမှူးမှ စာဖတ်ခြင်း၏ အကျိုးကျေးဇူးများနှင့် လူငယ်စကားဝိုင်းဆောင်ရွက်ရခြင်း အခြေအနေများအားလည်းကောင်း၊ မြို့နယ် အားကစားနှင့်ကာယပညာဦးစီးဌာန ဦးစီးမှူးမှ အားကစားသိပ္ပံအကြောင်း ကိုလည်းကောင်း အသိပညာပေးဟောပြောခဲ့ကြောင်း သိရှိရပါသည်။
DOCA(မကွေး)