Main menu

ဆေးနှင့် ဆေးပစ္စည်းအမျိုးမျိုးအား ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း

Powered by Drupal

     ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ညောင်တုန်းမြို့ နယ်တွင်  ဆေးဝါးရောင်းချခွင့်လိုင်စင်ရ ဆေးဆိုင်များသို့ (၁၅.၈.၂၀၂၄)ရက်နေ့၊ နံနက်(၀၉:၀၀)နာရီအချိန်က မြို့နယ်ကျန်းမာရေးဦးစီးဌာန၊ မြို့နယ် တိုင်းဆေးပညာဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊ မြို့နယ်စားသုံးသူရေးရာဦးစီးဌာနတို့ ပူးပေါင်း၍ ဆေးနှင့် ဆေးပစ္စည်းအမျိုးမျိုး အား ဈေးကွက်စောင့်ကြည့် စစ်ဆေးခဲ့ကြသည်။

       စစ်ဆေးရာတွင် စားသုံးသူရေးရာဦးစီးဌာန မြို့နယ်ဦးစီးမှူးရုံးမှ ဒေါ်ချိုမီဇင် ဒုဦးစီးမှူးက  ဈေးကွက်အတွင်း တရားမဝင်ရောင်းချနေမှုနှင့် စပ်လျဉ်း၍ ခွင့်ပြုချက်မရှိဘဲ လက်ဝယ်ထားခြင်း၊ သယ်ယူပို့ဆောင်ခြင်း၊ ဖြန့်ဖြူးရောင်းချခြင်းတို့ မပြုလုပ်ရန်၊ မြန်မာနိုင်ငံ ဆေးဝါးမှတ်ပုံတင် အမှတ်မပါ ရှိသော ဆေးဝါးများ၊ သက်တမ်းလွန်ဆေးဝါးများနှင့် တရားမဝင်ဆေးဝါးများ ရောင်းချခြင်း မပြုရန်၊ ဆေးဝါးများအား စနစ်တကျထားသိုရန်၊ ဈေးနှုန်းများမြှင့်တင်ရောင်းချခြင်းမပြုရန်နှင့် စားသုံးသူကာ ကွယ်ရေးဥပဒေ အခန်း(၁၈)ပါ “ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်း”၊ အခန်း(၁၀)ပါ “စီးပွားရေး လုပ်ငန်း ရှင်၏ တာဝန်များ”ကို လိုက်နာဆောင်ရွက်ရန်ကို ဆွေးနွေးပြောကြားခဲ့သည်။

ယခုကဲသို့စစ်ဆးခြင်းများကို မြို့နယ်အတွင်းရှိ ဆေးဝါးအရောင်းဆိုင်များသို့ အခါအား‌လျော်စွာ စစ်ဆေး ဆောင်ရွက်သွားမည်ဖြစ်ပြီး စစ်ဆေးတွေ့ရှိပါက ထိရောက်စွာအရေးယူ ဆောင်ရွက်သွား မည်ဖြစ်ကြာင်း သိရသည်။

DOCA(ဧရာဝတီ)