Main menu

ဆန်ရောင်းချသူ လုပ်ငန်းရှင်များအား စားသုံးသူကာကွယ်ရေးနှင့် အသိပညာပေးဟောပြောခြင်း

Powered by Drupal

     ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ မအူခရိုင်၊ ဓနုဖြူမြို့နယ်ဦးစီးမှူးရုံးမှ ဝန်ထမ်းများသည် (၁၃-၈-၂၀၂၄) ရက်နေ့၊ နံနက် (၁၁:၀၀) နာရီအချိန်တွင် ဓနုဖြူဈေးတာဝန်ခံရုံး၌ ဆန်ရောင်းချသူလုပ်ငန်းရှင်(၅)ဦးအား စားသုံးသူကာကွယ်ရေးဥပဒေအကြောင်းနှင့် စီးပွားရေးလုပ်ငန်းရှင်တို့ လိုက်နာရမည့်တာဝန်ဝတ္တရာများအကြောင်းကို အသိပညာပေး ဟောပြောဆွေးနွေးမှု ပြုလုပ်ခဲ့သည်။

     အဆိုပါတွေ့ဆုံဆွေးနွေးပွဲတွင် မြို့နယ်ဦးစီးမှူး ဦးဝင်းမင်းစိုးက ဓနုဖြူဆန်ရောင်းချသူလုပ်ငန်းရှင်များကို စားသုံးသူကာကွယ်ရေးဥပဒေ ၂၀၁၉ အရ စီးပွားရေးလုပ်ငန်းရှင်၏တာဝန်များအကြောင်းကို ပဏမရှင်းလင်းဆွေးနွေးပြီး ဆန်ရောင်းချသူလုပ်ငန်းရှင်တို့၏ ဆန်ရောင်းချမှုဈေးကွက်အခြေအနေကို မေးမြန်းကာ MRF က သတ်မှတ်ထုတ်ပြန်ထားသည့်ဈေးနှုန်းအတိုင်း လိုက်နာရောင်းချနိုင်ရန်နှင့် စားသုံးသူပြည်သူများ ဝယ်ယူရာတွင်  သင့်တင့်မျှတသည့်ဈေးနှုန်းများဖြင့် ဝယ်ယူစားသုံးနိုင်ရေး ဒေသထွက်ဆန်များဖြစ်သည့် ဧည့်မထဆန်များကို ဆန်ဈေးနှုန်းကပ်၍ သတ်မှတ်ရည်ညွှန်းဈေး အပေါ် ၅% အမြတ်တင်ရောင်းချပြီး ၊ ပေါ်ဆန်း ဆန်များသည် မိမိတို့ဒေသထွက် ဆန်မဟုတ်သည့်အတွက် အခြားနယ်မြေဖြစ်သော မြောင်းမြ၊ ဖျာပုံ၊ ပုသိမ်နှင့် အခြားဒေသမှ ဝယ်ယူရောင်းချရခြင်းကြောင်း သတ်မှတ်ရည်ညွှန်းဈေးအပေါ် သယ်ယူခ၊ လုပ်သားခ၊ အပါအဝင် ၈% သာ အမြတ်တင်ရောင်းချရန် ပြည်သူအတွက်လည်း သက်သာ၊ ရောင်းချသူလုပ်ငန်းရှင်အတွက်လည်း မနစ်နာသဖြင့် ပူးပေါင်းလိုက်နာဆောင်ရွက်ရန်၊ ပူးပေါင်းစစ်ဆေးရေးအဖွဲ့မှ လာရောက်စစ်ဆေးသည့်အခါ သတ်မှတ်ရည်ညွှန်းဈေးထက် အဆများစွာကြီးမြင့်ရောင်းချနေကြောင်း စစ်ဆေးတွေ့ရှိရပါက အရေးကြီးကုန်စည်၊ ဝန်ဆောင်မှု ဥပဒေအရ အရေးယူဆောင်ရွက်ခံရမည်ဖြစ်သဖြင့် သတ်မှတ်ချက်များအတိုင်း ရောင်းချရန် အသိပညာပေး ဆွေးနွေးခဲ့ပြီး ဆန်ရောင်းချသူလုပ်ငန်းရှင် (၇)ဦး ဆွေးနွေးပွဲသို့ တက်ရောက်ခဲ့ကြောင်း သိရသည်။

DOCA(ဧရာဝတီ)