Main menu

အ.ထ.က(ခွဲ)အကျော်၊အခြေခံပညာအထက်တန်းကျောင်း၌ စားသုံးသူကာကွယ်ရေး အသိပညာပေးဟောပြောခြင်း

Powered by Drupal

     ဧရာဝတီတိုင်းဒေသကြီး ၊ မအူပင်ခရိုင် ၊ ဓနုဖြူမြို့နယ်စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ၊ မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းတို့ ပူးပေါင်း၍ အ.ထ.က(ခွဲ)အကျော်၊အခြေခံပညာအထက်တန်းကျောင်း၊ တက်ရောက်ကျောင်းသား/ကျောင်းသူ(၄၈၃)ဦး၊ဆရာ/ဆရာမ(၇)ဦးတို့အား​ ၁၂.၈.၂၀၂၄ ရက်နေ့ နံနက် (၁၀း၀၀) နာရီတွင် အသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်ခဲ့သည်။

    အသိပညာပေး ဟောပြောပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မှတာဝန်ရှိသူက  ဟော​ပြောပွဲပြုလုပ်ရခြင်း၏  ရည်ရွယ်ချက်နှင့် လူငယ်နှင့်စာဖတ်ခြင်း အကျိုးကျေးဇူး ခေါင်းစဥ်ဖြင့်လည်းကောင်း၊ မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းက လူငယ်နှင့်အားကစား၊ ကျန်းမာရေး ခေါင်းစဥ်ဖြင့်လည်းကောင်း အသီးသီး ဟောပြောခဲ့ကြည်။

      စားသုံးသူရေးရာဦးစီးဌာနက ဦးဝင်းမင်းစိုးမြို့နယ်ဦးစီးမှူးက အသိပညာပေးဟောပြောရာ ကျောင်းသူ၊ ကျောင်းသားလူငယ်များ စားသုံးသူကာကွယ်ရေးဥပဒေ ၂၀၁၉ အရ စားသုံးသူအခွင့်အရေးနှင့် တာဝန်များ အကြောင်းကို ရှင်းလင်းပြီး၊ စားသုံးသူကိုယ်တိုင်က လိုအပ်ချက်အရ ကုန်စည်တစ်ခုကို ဝယ်ယူအသုံးပြုရာတွင် အွန်လိုင်းမှ ဝယ်ယူလိုသော ကုန်စည်ရှိပါက အွန်လိုင်းစနစ်ဖြင့် ရောင်းချသူများ(Online Sales) မှတ်ပုံတင်ပြီးသော Pageများတွင်သာ ဝယ်ယူအသုံးပြုကြရန်၊ ယခုဟောပြောပွဲမှ ကျောင်းသား/ ကျောင်းသူများ မိသားစုဝင်များ အွန်လိုင်းစနစ်ဖြင့် ကုန်စည်များရောင်းချခြင်းမျိုးရှိပါက eComReg System (https://www.ecomreg.gov.mm)တွင် မှတ်ပုံတင်နိုင်ကြောင်းကို ကျောင်းအသိပညာဟောပြောပွဲတွင် လာရောက်ဟောပြောသော စားသုံးသူရေးရာဦးစီးဌာန အသိပညာပေးဟောပြောမှုအရ သိရှိရ၍ မိသားစုဝင် လုပ်ငန်းရှင်များကို ပြန်လည်မျှဝေရန် ကိုလည်းကောင်း၊ အွန်လိုင်းစနစ်ဖြင့်မှတ်ပုံတင်ရန်နည်းလမ်းများ၊ မှတ်ပုံတင်ရာတွင်ပူးတွဲ တင်ပြရမည့်အချက်များ၊ မှတ်ပုံတင်မည့်သူများ သိရှိလိုက်နာရမည့်စည်းကမ်းချက်များ၊ အွန်လိုင်းစနစ်ဖြင့် ရောင်းချခြင်း(Online Sales)၊ လုပ်ငန်းမှတ်ပုံတင်(အသစ်)လျှောက်ထားရမည့် လုပ်ငန်းစဉ်အဆင့်ဆင့်များ၊ မှတ်ပုံတင်လျှောက်ထားရာတွင် သိရှိရန်အချက်များစသည်တို့ကို ပြည့်ပြည့်စုံစုံအကျယ်တဝင့်လင်းရှင်း ဟောပြောခဲ့ပြီး အွန်လိုင်းရောင်းချသူများ လိုက်နာဆောင်ရွက်ခြင်းမရှိပါက အရေးကြီးကုန်စည် ဝန်ဆောင်မှုဥပဒေအရ အရေးယူဆောင်ရွက်ခံရနိုင်ကြောင်းကို ရှင်းလင်းဟောပြောခဲ့ပြီး တက်ရောက်လာသူ ဆရာ/ဆရာမနှင့် ကျောင်းသား၊ကျောင်းသူများကလည်း အွန်လိုင်းမှတ်ပုံတင်ဆောင်ရွက်ရသည့်အချက်များ သိရှိလိုသည်များမေးမြန်းခြင်းကို ပြန်လည်ဖြေကြား ရှင်းလင်းပေးခဲ့ကြောင်း သိရသည်။

DOCA(ဧရာဝတီ)