Main menu

အွန်လိုင်းမှတ်ပုံတင်ခြင်းနှင့် စပ်လျဉ်း၍ သိရှိလိုသည်များ လုပ်ငန်းရှင်များမှ မေးမြန်းလာမှုအပေါ် စားသုံးသူရေးရာဦးစီးဌာနမှ ရှင်းလင်းဖြေကြား

Powered by Drupal

     (၁၃.၈.၂၀၂၄)ရက်နေ့၊ နံနက်(၁၁:၀၀)နာရီအချိန်တွင်  မအူပင်မြို့နယ်မှ စားသောက်ဆိုင်လုပ်ငန်းရှင်၊ ဖုန်းအမျိုးမျိုးရောင်းချသူလုပ်ငန်းရှင်၊ မုန့်မျိုးစုံရောင်းချသူ စတိုးဆိုင်လုပ်ငန်းရှင် (၄)ဦးသည် စားသုံးသူ ရေးရာဦးစီးဌာ ခရိုင်ဦးစီးမှူးရုံးသို့လာရောက်၍ ခရိုင်ဦးစီးမှူးဦးဇော်မင်းနှင့်တွေ့ဆုံကာ အွန်လိုင်းစနစ်ဖြင့် ရောင်းချခြင်းလုပ်ငန်းနှင့်စပ်လျဉ်း၍ သိရှိလိုသည်များကို လာရောက်မေးမြန်း၍ ခရိုင်ဦးစီးမှူးမှ ရှင်းလင်း ဆွေးနွေးမှုပြုလုပ်ခဲ့သည်။

    ထိုသို့ ဆွေးနွေးရာတွင် ခရိုင်ဦးစီးမှူးဦးဇော်မင်းက စားသုံးသူ၏အဓိပ္ပါယ်၊ စီးပွားရေးလုပ်ငန်းရှင်၏ အဓိပ္ပါယ်ကိုရှင်းလင်းပြောကြားခဲ့ပြီး အမိန့်ကြော်ငြာစာအမှတ်(၅၁/၂၀၂၃)(၂၀၂၃ ခုနှစ်၊ ဇူလိုင်လ ၂၁ ရက်) အွန်လိုင်းစနစ်ဖြင့် ရောင်းချခြင်းလုပ်ငန်း မှတ်ပုံတင်ခြင်းဆိုင်ရာ အမိန့်ထုတ်ပြန်ထားကြောင်းကိုလည်းကောင်း၊ အွန်လိုင်းစနစ်ဖြင့် ရောင်းချသူများ မှတ်ပုံတင်လက်မှတ်လျှောက်ထားရမည့် e-Commerce Registration (Online) System နှင့်စပ်လျဉ်း၍ လည်းကောင်း၊ eComReg System (https://www.ecomreg.gov.mm)တွင် မှတ်ပုံတင်နိုင်ကြောင်းကို မှတ်ပုံတင်လက်မှတ်လျှောက်ထားရာတွင် လိုက်နာရမည့်ကိစ္စရပ်များကို လည်းကောင်း ရှင်းလင်းပြောကြားခဲ့ပါသည်။ 

     လုပ်ငန်းရှင်များက မိမိတို့ရောင်းချသော ကုန်စည်ကို အွန်လိုင်း စနစ်အသုံးပြုလာပြီး ရောင်းအားမြင့်တင်လာခြင်းကြောင့်   အွန်လိုင်းစနစ်ဖြင့် ရောင်းချခြင်းလုပ်ငန်းအဓိပ္ပါယ်၊ အွန်လိုင်းလုပ်ငန်းဖြင့် ရောင်းချလာသူများပြားလာပြီး  စားသုံးသူအပေါ် အခွင့်အရေးနစ်နာအောင် အချို့သော မသမာသူများက လိမ်လည်၍ရောင်းချခြင်းပြသနာများ ဖြစ်ပေါ်လာခြင်းကြောင့် စိစစ်သင့်သည့်အချက်များ၊ အွန်လိုင်းမှ မှာယူသုံးစွဲရာတွင် စိစစ်သင့်သည့်အချက်များ၊ အွန်လိုင်းစနစ်ဖြင့် ရောင်းချခြင်းလုပ်ငန်းနှင့် စပ်လျဉ်း၍ သက်ဆိုင်ရာ ဌာနများ၏ ဆောင်ရွက်မှုများ၊ မှတ်ပုံတင်ထားသည့် အွန်လိုင်းရောင်းချမှုလုပ်ငန်းများမှ ဈေးဝယ်ယူခြင်းဖြင့် ရရှိလာမည့် အကျိုးရလဒ်များကို ရှင်းလင်းခြင်း၊ လိမ်လည်မှုပုံစံ(၂)မျိုးဖြင့် လိမ်လည်နိုင်ကြောင်း၊ အွန်လိုင်းမှ ဝယ်ယူမှုများအတွက် နစ်နာဆုံးရှုံးမှုများရှိခဲ့လျှင်လည်း နည်းလမ်း (၅)မျိုးဖြင့် တိုင်ကြားနိုင်ပါကြောင်း၊ တိုင်ကြားရာတွင်လည်း မိမိတို့ဌာနမှ စေ့စပ်ညှိနှိုင်းဖြေရှင်းပေးခြင်း၊ စီမံခန့်ခွဲရေးနည်းလမ်းအရ အရေးယူခြင်းစသည့်နည်းလမ်း(၂)မျိုးဖြင့် ဖြေရှင်းပေးပါကြောင်း စိတ်ဝင်တစား လာရောက်မေးမြန်းသော လုပ်ငန်းရှင်များအား ခရိုင်ဦးစီးမှူးမှ အသေးစိတ်ရှင်းလင်း ပြောကြားခဲ့ကြောင်း သိရပါသည်။

DOCA(ဧရာဝတီ)