![](http://www.doca.gov.mm/sites/default/files/styles/consumer_inner_image__847x424_/public/22.29.jpg?itok=uTciAFGj)
ဧရာဝတီတိုင်းဒေသကြီး၊စားသုံးသူရေးရာဦးစီးဌာန၊ အိမ်မဲမြို့နယ်တာဝန်ခံ ဒေါ် ဇင်မာသန်းသည် (၁၆.၈.၂၀၂၄ ) ရက်နေ့ ၊နေ့လယ်(၁၃:၀၀)နာရီအချိန်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာနတို့နှင့်ပူးပေါင်းကာ စားသုံးသူ ပြည်သူများအား အိမ်မဲမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန၊ Community Centre ခန်းမတွင် စားသုံးသူအသိပညာပေး Talk Show ပြုလုပ်ခဲ့ပါသည်။
ထိုသို့ဟောပြောဆွေးနွေးရာတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူးမှ စားသုံးသူအသိပညာပေး Talk Show ပြုလုပ်ရခြင်း၏ရည်ရွယ်ချက်အားရှင်းလင်းပြောကြားပြီး၊ မြို့နယ်တာဝန်ခံမှ Online Sale စနစ် ဖြင့် ကုန်ပစ္စည်းများရောင်းချခြင်းဆိုင်ရာ လုပ်ငန်းမှတ်ပုံတင်ခြင်းကိစ္စနှင့်ပတ်သက်ပြီး လိုအပ်သောလျှောက်လွှာ စာရွက်စာတမ်းများ၊ ဖြည့်စွက်ပုံအဆင့်ဆင့်တို့အား အသေးစိတ်ရှင်းလင်းဆွေးနွေးခဲ့ပါသည်၊ မှတ်ပုံတင်လျှောက်ထားခြင်းနှင့်ပတ်သက်ပြီး အသေးစိတ်သိရှိလိုပါက eComreg system www.eComreg. gov.mm မှတဆင့် ဝင်ရောက်ကြည့်ရှု၍ လျှောက်ထားနိုင်ပါကြောင်း၊ မှတ်ပုံတင်လျှောက်ထားရယူခြင်းမရှိပဲ ဆောင်ရွက်ကြောင်း စစ်ဆေးတွေ့ရှိပါက တည်ဆဲဥပဒေများအရ အရေးယူဆောင်ရွက်သွားမည်ဖြစ်ပြီး ကုန်သွယ်ရေးဦးစီးဌာန၏ (၉.၈.၂၀၂၄)ရက်စွဲပါ အသိပေးကြေငြာချက် ၁၁/၂၀၂၄ အား ရှင်းလင်းပြောကြားခဲ့ကြောင်း သိရှိရပါသည်။
DOCA(ဧရာဝတီ)