
စားသုံးသူရေးရာဦးစီးဌာနမှ မအူပင်ခရိုင်၊ ခရိုင်ဦးစီးမှူးဦးဇော်မင်းနှင့် ပန်းတနော် မြို့နယ်တာဝန်ခံ ဦးအောင်ကျော်သက်တို့သည် (၁၆.၈.၂၀၂၄)ရက်နေ့၊ နံနက် (၁၀:၀၀)နာရီအချိန်က ပန်းနော်အုန်းပင်စုကျေးရွာရှိ စိုင်းအောင်လင်းထွန်း ဆန်စက်သို့ သွားရောက်၍အရည်အသွေးမြင့်ဆန်များ ထုတ်လုပ်ပြီး ဈေးကွက်ခိုင်မာမှုရှိစေရေး ကုန်ဈေးနှုန်းတည်ငြိမ်ရေး၊ ထုတ်ကုန်လုံခြုံစိတ်ချရမှုရှိစေရေး ကွင်းဆင်းလေ့လာစစ်ဆေးခဲ့ကြသည်။
ကွင်းဆင်းစစ်ဆေးမှုတွင် စားသုံးသူရေးရာဦးစီးဌာန၊ မအူပင်ခရိုင်ဦးစီးမှူး၊ ဒုခရိုင်ဦးစီးမှူးနှင့် ပန်းတနော်မြို့နယ်တာဝန်ခံရုံးမှ ဦးအောင်ကျော်သက်(အငယ်တန်းစာရေး)တို့သည် အုန်းပင်စုကျေးရွာရှိ စိုင်းအောင်လင်းထွန်း ဆန်စက်ပိုရှင် ဦးစိုင်းမင်းဇော်နှင့်တွေ့ဆုံ၍ ဆန်စက်တွင် စပါးကြိတ်ခွဲ ဝယ်ယူမှု လုပ်ငန်းအခြေအနေများ၊ ပန်းတနော်မြို့နယ် တွင် တောင်သူစိုက်ပျိုးသော မျိုးစပါးကောင်း ထွက်ရှိစေရေးဆွေးနွေးခြင်း၊ ဆန်စက်တွင် Gasifierသုံးစနစ်နှင့်ပတ်သက်၍ လေ့လာစစ်ဆေးကြည့်ရှုခြင်း၊ စပါးအခြောက်ခံစက်သုံးစွဲမှုအခြေအနေများ၊ ဆန်အမျိုး အစားအလိုက် ဈေးကွက်ရရှိ အောင်ကြိတ်ခွဲ ထုတ်လုပ်မှုနှင့် စပ်လျဉ်း၍ ဆွေးနွေးခြင်း၊ ဆန်စက်မှထွက်ရှိသော ဆန်များထုတ်ကုန်လုံခြုံ စိတ်ချရမှုရှိအောင် ဈေးကွက်ဖြန့်ချီနေမှုနှင့် ဆန်တင်ပိုမှုအခြေအနေများ ဆန်လက်ကျန်၊ စပါးလက်ကျန် အခြေအနေကို မေးမြန်းလေ့လာခဲ့ပြီး ဆန်/စပါး သိုလှောင်ရုံအား ကြည်ရှုစစ်ဆေးရာ မှတ်ပုံတင်ထားရှိပြီး ဖြစ်ကြောင်း စစ်ဆေးတွေ့ရှိရပြီး ဆန်စက်မှ ကုန်ဈေးနှုန်း တည်ငြိမ်စေရေး ပြည်သူများအား သတ်မှတ်ရည်ညွှန်းဈေးဖြင့် ရောင်းချနေမှုကို ကြည့်ရှုစစ်ဆေးခဲ့သည်။ မြို့နယ်အတွင်း ဆန်ဈေးနှုန်းကြီးမြင့်မှုမရှိစေရေး သတ်မှတ်ချက်များနှင့်အညီဆောင်ရွက်ရန် ဆန်စက်လုပ်ငန်းလိုအပ်ချက်များရှိပါက အကြံပြုဆွေးနွေး၍ လုပ်ငန်းအဆင်ပြေချောမွေ့နိုင်စေရန် MSMEs လုပ်ငန်း ဖွံ့ဖြိုးတိုးတက်စေရန် ချိတ်ဆက်ဆောင်ရွက်ပေးနိုင်သည့် နည်းလမ်းများကို ထည့်သွင်းဆွေးနွေးခဲ့ကြောင်း သိရသည်။
DOCA(ဧရာဝတီ)