
ဧရာဝတီတိုးဒေသကြီး၊ ဖျာပုံခရိုင် ၊ ဘိုကလေးမြို့နယ် စားသုံးသူရေးရာဦးစီးဌာနမှ ဝန်ထမ်းများသည် ၂၀၂၄ခုနှစ်၊ ဩဂုတ်လ(၁၉)ရက်နေ့၊ နံနက်(၁၀:၀၀)နာရီအချိန်တွင် မြို့နယ်စည်ပင်သာယာရေး အဖွဲ့နှင့်ပူးပေါင်း၍ မြို့မဈေးအတွင်း၌ ရောင်းချလျက်ရှိသော စတိုးဆိုင်များတွင် ကလေးအသုံးအဆောင်ပစ္စည်းများအား ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းကို ဆောင်ရွက်ခဲ့ပါသည်။
ထိုသို့ကွင်းဆင်းခဲ့ရာတွင် ဘိုကလေးမြို့မဈေးအတွင်း ရောင်းချလျက်ရှိသော စတိုးဆိုင်များရှိ ကလေးအသုံးအဆောင်ပစ္စည်းများတွင် စားသုံးသူကာကွယ်ရေး ဥပဒေတွင် ပြဌာန်းထားသည့် ကုန်ညွှန်းအမှတ်အသားဖော်ပြချက်များနှင့် ကိုက်ညီမှု ရှိ/မရှိနှင့် ဘေးအန္တရာယ်ဖြစ်နိုင်ချေ ရှိ/မရှိ စစ်ဆေးခဲ့ပြီး ကုန်ညွှန်းအမှတ်အသားဖော်ပြချက်များနှင့် ကိုက်ညီမှုရှိကြောင်းတွေ့ရှိပါသည်။ ဆိုင်ရှင်များကိုလည်း ကုန်ပစ္စည်းတစ်မျိုးခြင်းအလိုက် ဘေးအန္တရာယ်ဖြစ်နိုင်မှုအခြေအနေရှိသောကုန်ပစ္စည်းများ၊ ကုန်အညွှန်းအမှတ်အသား ပြည့်စုံမှုမရှိခြင်းနှင့် ကြိုတင်သတိပေးခြင်းမရှိသော ကုန်စည်များအား ရောင်းချခြင်းမပြုရန် အသိပညာပေး ပြောကြားခဲ့ကြောင်း သိရှိရပါသည်။
DOCA(ဧရာဝတီ)