![](http://www.doca.gov.mm/sites/default/files/styles/consumer_inner_image__847x424_/public/23.27.jpg?itok=qWT3eeiu)
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ သရက်မြို့အနောက်ရပ်တောင်ပိုင်းရပ်ကွက်ရှိ အာသောက ဓမ္မာရုံ၌ (၂၀.၈.၂၀၂၄)ရက်နေ့၊ နံနက်(၀၉း၀၀)နာရီအချိန်တွင် မြို့ပေါ်ရှိဆန်စက်နှင့် ဆန်လုပ်ငန်းရှင်များအသင်းမှ စားသုံးသူပြည်သူများထံသို့ ဧည့်မထဆန်(၁)ပြည်လျှင် ကျပ်(၃၀၀၀)ဈေးနှုန်းဖြင့် စားသုံးသူပြည်သူ(၃၁၂)ဦးအား ရောင်းချခဲ့ကြောင်း သိရပါသည်။
အဆိုပါရောင်းချပေးနေမှုအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့်အတူ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ရပ်ကွက်အုပ်ချုပ်ရေးမှူး၊ စားသုံးသူရေးရာဦးစီးဌာနတို့ပူးပေါင်း၍ စိစစ်ကြပ်မတ် ဆောင်ရွက်ပေးခဲ့ပါသည်။ ဆန်စက်နှင့်ဆန်လုပ်ငန်းရှင်များအသင်းမှ ယခုကဲ့သို့ မြို့ပေါ်ရှိရပ်ကွက်များတွင် အပတ်စဉ် ဆက်လက် ရောင်းချပေးသွားမည်ဖြစ်ကြောင်း သိရှိရပါသည်။
DOCA(မကွေး)