
၂၀၂၄ခုနှစ်၊ ဩဂုတ်လ ၂၁ရက်နေ့တွင် ဒေါ်အေးအေးမော်နှင့် ဝန်ထမ်း(၂) ဦးသည် မင်္ဂလာတောင်ညွန့်မြို့နယ်၊ တောင်ညွန့်ဈေးအတွင်း စားသုံးဆီအမျိုးမျိုးရောင်းချသည့် ဆိုင်(၈)ဆိုင် များအား ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။
ရန်ကုန်တိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ အရှ့ပိုင်းခရိုင်ဦးစီးမှူးရုံးအနေဖြင့် ကုန်စည်နှင့်ဝန်ဆောင်မှုများ ဘေးအန္တရာယ်ကင်းရှင်းစေရေးအတွက် သက်ဆိုင်ရာဌာနများနှင့် ပူးပေါင်း၍ မြေပြင်ကွင်းဆင်းစစ်ဆေးခြင်းများ ဆောင်ရွက်လျက်ရှိရာ ဈေးကွက်အတွင်း ရောင်းချနေသည့် ဘူးသွင်းစားသုံးဆီများကို စစ်ဆေးရာတွင် ကုန်အညွှန်အမှတ်အသားများကို ညွှန်ကြားချက်နှင့်အညီ ဖော်ပြထားသည်ကို စိစစ်တွေ့ရှိရသဖြင့် လုပ်ငန်းရှင်များအနေဖြင့် တရားမဝင်တင်သွင်းလာသော စားသုံးဆီများကို ရောင်းချခြင်းမပြုလုပ်ရန် ပြောကြားခဲ့ပြီး ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းဆိုင်ရာ အသိပညာပေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။
DOCA(ရန်ကုန်)