Main menu

တွံတေးမြို့နယ်အတွင်း ကြောက်စရာဆီများ ဈေးကွက်အတွင်း ရောင်းချနေမှု ရှိ/မရှိ ကွင်းဆင်းစစ်ဆေး

Powered by Drupal

     ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ တွံတေးမြို့နယ်အတွင်းရှိ တွံတေးစည်ပင်သာယာ မြို့မဈေးအတွင်း၊ အပြင်ရှိ ကုန်ခြောက်ဆိုင်များတွင် စားသုံးရန် မသင့်သည့် ကြောက်စရာဆီများ ဈေးကွက်အတွင်း ဖြန့်ဖြူးရောင်းချနေမှု ရှိ/မရှိကို စားသုံးသူရေးရာဦးစီးဌာန၊ ရန်ကုန်တိုင်း ဒေသကြီးဦးစီးမှူးရုံး၏ လမ်းညွှန်ချက်အရ ဩဂုတ်လ ၁၇ ရက်နေ့၊ နံနက် ၁၀:၃၀ အချိန်တွင် ပူးပေါင်းအဖွဲ့ဖြင့် ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

     ထိုသို့ ကွင်းဆင်းစစ်ဆေးခဲ့ရာတွင် စားသုံးသူရေးရာဦးစီးဌာန၊ တွံတေးမြို့နယ်တာဝန်ခံနှင့် တွံတေးစည်ပင်သာယာဈေးတာဝန်ခံတို့ ပူးပေါင်း၍ တွံတေးစည်ပင်သာယာဈေးအတွင်း၊ အပြင်ရှိ ကုန်ခြောက်ဆိုင်များအား ကြောက်စရာကောင်းသောဆီများနှင့်ပတ်သက်၍ ဝက်ဆီဖတ်ကြော်စဉ် ထွက်ရှိဝက်ဆီများ၊ ဆီအသန့်ကြော်ပြီးသားဆီများ၊ အာလူးကြော်ဆီများ၊ ကြက်ကြော် ဆီများစသည်တို့အား ထုတ်လုပ်ခြင်း၊ ဈေးကွက်အတွင်း ရောင်းချ၊ ဖြန့်ဖြူးနေခြင်း ရှိ/မရှိ ကွင်းဆင်းစစ်ဆေးခဲ့ပြီး အဆိုပါ ကြောက်စရာကောင်းသောဆီများ ထုတ်လုပ်ရောင်းချ၊ ဖြန့်ဖြူးနေမှုမရှိသည်ကို တွေ့ရှိရပြီး ကုန်ခြောက်ဆိုင်များအား စားသုံးဆီအမျိုးမျိုးရောင်းချရာတွင် ကုန်အညွှန်းအမှတ်အသားပြည့်စုံပြီး သက်ဆိုင်ရာထောက်ခံချက်များပါရှိသော စားသုံးသူများ ဘေးအန္တရာယ်ကင်းရှင်းစေသည့် ဆီအမျိုးမျိုးကိုသာ ရောင်းချပါရန် ဈေးကွက်ကွင်းဆင်း စစ်ဆေးအသိပညာပေးခဲ့ကြောင်း သိရှိရသည်။

DOCA(ရန်ကုန်)