Main menu

ဒလမြို့နယ်တွင် Online စနစ်ဖြင့် ကုန်စည်နှင့် ဝန်ဆောင်မှု လုပ်ငန်းများ ဖြန့်ဖြူးရောင်းချခြင်းဆိုင်ရာ အသိပညာပေးဟောပြောဆွေးနွေးပွဲကျင်းပ

Powered by Drupal

    ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ဒလမြို့နယ်၊ အောင်ဇေယျဈေးတာဝန်ခံရုံးတွင် စားသောက်ကုန်၊ လူသုံးကုန်ပစ္စည်းအမျိုးမျိုးတို့အား ဖြန့်ဖြူးရောင်းချပေးလျက်ရှိသော ဆိုင်ပိုင်ရှင်စီးပွားရေးလုပ်ငန်းရှင်များအား ဩဂုတ်လ ၂၁ ရက်နေ့၊ နံနက် ၁၀:၃၀ အချိန် အွန်လိုင်းစနစ်ြဖင့် ကုန်စည်နှင့် ဝန်ဆောင်မှုလုပ်ငန်းများ ဖြန့်ဖြူးရောင်းချခြင်းဆိုင်ရာ အသိပညာပေးဆွေးနွေးပွဲကျင်းပခဲ့ကြောင်းသိရသည်။

    အဆိုပါ သိပညာပေးဆွေးနွေးခဲ့ရာတွင် အောင်ဇေယျဈေးတာဝန်ခံက အဖွင့်အမှာစကား ပြောကြားခဲ့ပြီး စားသုံးသူရေးရာဦးစီးဌာန၊ ဒလမြို့နယ်တာဝန်ခံ ဦးသန်းနိုင်က စီးပွားရေး လုပ်ငန်းရှင်များအနေဖြင့် စားသောက်ကုန်၊ လူသုံးကုန်ပစ္စည်းများအား စားသုံးသူပြည်သူများ အပေါ် တိုက်ရိုက်ဖြန့်ဖြူးမှုများရှိသလို ကုန်စည်နှင့် ဝန်ဆောင်မှုများကို Online စနစ်ဖြင့် ဝန်ဆောင်မှုပေး၍ ဆောင်ရွက်ခြင်း များရှိလာပါက Online မှတ်ပုံတင်မဖြစ်မနေ ဆောင်ရွက် ထားရန် လိုအပ်ကြောင်း စားသုံးသူ ကာကွယ်ရေးဥပဒေမှ စားသုံးသူ၏ အခွင့်အရေး (၈)ချက်တွင် ပါဝင်သည့် ကုန်စည်/ ဝန်ဆောင်မှု များအား ဝယ်ယူသုံးစွဲရာတွင် စားသုံးသူများ စိတ်ကျေနပ်မှုရှိစေရေး၊ ဘေးအန္တရာယ် ကင်းရှင်းစေရေး၊ စိတ်ကြိုက်ရွေးချယ်ဝယ်ယူနိုင်ရေး၊ လိုအပ်သော သတင်းအချက်အလက်များ ပြည့်စုံမှန်ကန်စွာ သိရှိခွင့်စသည့် စားသုံးသူအခွင့်အရေးများ မဆုံးရှုံးစေရန် စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် ကျင့်ဝတ်၊ စည်းကမ်းများနှင့်အညီ ဆောင်ရွက်သွားကြရန် လိုအပ်ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ ်ရေးဝန်ကြီးဌာန၏ အမိန့်ကြော်ငြာစာအမှတ် ၅၀/၂၀၂၃ ဖြင့်ထုတ်ပြန်ထားသော Online Sales မှတ်ပုံတင်လျှောက်ထားလျှင် ကြိုတင်ပြင်ဆင်သင့်သည့် အထောက်အထားများအား စုဆောင်း၍ မှတ်ပုံတင်တရားဝင်လျှောက်ထား ဆောင်ရွက်သွားကြရန်နှင့် ဆိုင်ပိုင်ရှင် စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် Online မှ ဝယ်ယူပြီး ပြန်လည်ဖြန့်ဖြူးရောင်းချခြင်းများရှိခဲ့ပါက မိမိတို့အနေဖြင့် မဝယ်ယူမှီ Online ရောင်းချမှုနှင့် စပ်လျဉ်း၍ စိစစ်သင့်သည့်အချက်များ အမှန်တကယ်ဆုံးရှုံးနစ်နာမှုများရှိလာပါက တိုင်ကြားနိုင်သည့်နည်းလမ်းများအား ရှင်းလင်းဆွေးနွေး အသိပညာပေးပြောကြားခဲ့ကြောင်း သိရသည်။

DOCA(ရန်ကုန်)