![](http://www.doca.gov.mm/sites/default/files/styles/consumer_inner_image__847x424_/public/29.2_6.jpg?itok=VeHq9RjZ)
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်ဦးစီးမှူးရုံးမှဝန်ထမ်းများသည် (၂၂.၈.၂၀၂၄)ရက်နေ့၊ နံနက်(၀၉း၀၀)နာရီအချိန်တွင် သရက်မြို့၊ မြို့မစည်ပင်သာယာဈေးအတွင်းရှိ မုန့်မျိုးစုံရောင်းချသည့်ကုန်စုံဆိုင်များနှင့် ရွှေဘုံသာရပ်ကွက်၊ ပြည်တော်အေးရပ်ကွက်၊ ဈေးရပ်ကွက်ရှိ အလှကုန်စတိုးဆိုင်များအား ကုန်အညွှန်းအမှတ်အသားပြည့်စုံသည့် ကုန်စည်များရောင်းချခြင်းရှိ/မရှိ ခရိုင်အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ကျန်းမာရေးဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့တို့နှင့်ပူးပေါင်း၍ ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ကြောင်း သိရသည်။
ကုန်စုံဆိုင်များနှင့် အလှကုန်ပစ္စည်းဆိုင်များ၌ ကုန်အညွှန်းအမှတ်အသားပြည့်စုံစွာဖော်ပြထားသော ကုန်စည်များကိုရောင်းချကြောင်း စစ်ဆေးတွေ့ရှိရပြီး တရားမဝင်တင်သွင်းလာသောကုန်စည်များနှင့် ကုန်အညွှန်းအမှတ်အသားပြည့်စုံစွာ ဖော်ပြမထားသောကုန်စည်များအား ဆိုင်တင်ရောင်းချခြင်းမပြုလုပ်ရန် အသိပညာပေးဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။
DOCA(မကွေး)